အပိုင်း - ၂

392 65 4
                                    

UNICODE

မနက်စောစောခြံထဲကပန်းပင်တွေကို
ရေလောင်းပေါင်းသင်ခြင်းက
ထယ်ယောင်း၏အလုပ်ပင်။

ခြံထဲကအလုပ်တွေလုပ်ပြီးပါက
ဦးလေးဂျယ်ဆူကိုကူညီရသည်။
ဦးလေးက မကူညီခိုင်းပေမယ့်ထယ်ယောင်းမနေနိုင်ပါ။
အိမ်ကအလုပ်သမားများကိုလည်း
အခါသင့်တိုင်းကူညီတတ်သူမို့
လူချစ်လူခင်ပေါများသောထယ်ယောင်းပါပင်။

ထယ်ယောင်း ပန်းပင်တွေဂရုစိုက်နေစဥ်
အိမ်ထဲမှ ဟိုဆော့ထွက်လာ၏။
ညအိပ်ဝတ်စုံ အပြာနုရောင်က
နို့နှစ်ရောင်အသားအရည်နှင့်လိုက်ဖက်စွာ
အိပ်မှုန်စုံဖွားထလာတာမို့
ဖွာလန်ကျဲနေသောဆံပင်လေးများနှင့်
အင်မတန်ချစ်ဖို့ကောင်းနေတော့သည်။

ထယ်ယောင်းအကြည့်တွေမလွှဲမိလိုက်ခင်
ဟိုဆော့တွေ့သွား၏။
သူစိတ်ကြည်နေလားတော့မပြောတတ်
ထယ်ယောင်းကိုမြင်သည်နှင့် နှာခေါင််းတစ်ချက်သာရှုံ့ပြပြီး ပြန်လှည့်သွားသည်။

"​ဖွားဖွား! "

တစ်ကယ်တော့အဖွားဖြစ်သူက အိမ်ရှေ့မှာထွက်စောင့်နေခိုင်းသာ
ဘာလို့ဆို သူ့အတွက်supriseတစ်ခုကြောင့်ရယ်

"မိုက်လိုက်တာ...သားလိုချင်တဲ့ပုံစံနဲ့ကွက်တိပဲ...ရေး"

ပြိုင်ကားအနီရောင်ကလေးကိုလှည့်ပတ်
ကြည့်ကာသူအတော်သဘောကျနေပုံရသည်။
လိုချင်တာရသည့်ကလေးတစ်ယောက်လို
ခုန်ပေါက်ပြီးပျော်နေသေး၏။
တစ်ကယ်လည်း ကလေးပဲရှိသေးသည်
မဟုတ်လား။

"ဖွားမြေးစိတ်ချမ်းသာသွားပြီလား"

"ဒါပေါ့...အဲ့တာကြောင့်ဖွားဖွားနဲ့ဖိုးဖိုးကိုချစ်တာ"

"ဟားဟား ဟုတ်ပြီဗျာ...တစ်ခုပဲနော်
မြေးကားစီးမယ်ဆိုရင် တစ််ယောက်ထဲမစီးရဘူး"

"ဟင့်...ဖွားတို့ကလုပ်ပြီ သားမောင်းတတ်ပါတယ်နော်"

"မြေးရယ် အသက်က၁၆ပဲရှိသေးတာလေ
ဖွားတို့စိတ်မချဘူး အိမ်ကdriverကိုခေါ်သွားပါကွယ် ဒီတစ်ခုတော့လိုက်လျောပေးပါနော် "

"ရှုပ်လိုက်တာဗျာ...ပြီးရော ခေါ်သွားမယ်"

"မြေးကလိမ္မာပါတယ်ကွယ်"

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now