အပိုင်း - ၁၀

402 62 9
                                    

UNICODE

နေရောင်ကောင်းစွာရရှိနေသော
မနက်၉နာရီအချိန်ဖြစ်သည်။
jack ကိုလေဆိပ်လိုက်ပို့ရမှာမို့
နှစ်ယောက်သားထွက်လာကြ၏။

ဟိုဆော့အပေါ်ထယ်ယောင်းရဲ့ခံစားချက်အစစ်အမှန်ကိုသိချင်လို့သာ ဟိုဆော့ကိုသဘောကျချင်ယောင်ဆောင်ခဲ့တာဖြစ်ကြောင်းရှင်းပြတော့ထယ်ယောင်းစိတ်တော့အနည်းငယ်ပေါ့သွား၏။

jack ကိုကျေးဇူးတင်မိပါသည်။
သူ့ကြောင့်သာကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကို သိခဲ့ရတာ။
သိလိုက်ရတဲ့အချိန်မှာ ဟိုဆော့မရှိတော့တာတစ်ခုကတော့ ဝမ်းနည်းစရာပင်။

"ဟိုဆော့..."

စိတ်ကအရမ်းစွဲပြီးတွေ့ကရာလူကိုဟိုဆော့လို့ထင်နေတာပါလား ရောဂါကကျွမ်းနေပြီပဲ
ကင်ထယ်ယောင်း...

ပန်းဆိုင်ကြီးတစ်ခုရှေ့တွင်
ပန်းတွေကြား အဝါရောင်ဟူဒီနှင့်ကောင်လေးကိုဟိုဆော့လို့ထင်မိနေသည်။
သူ့စိတ်ထဲထင်ယောင်ထင်မှားဖြစ်တာပါဟုနောက်တစ်ခေါက်ထပ်ကြည့်တော့
သေချာပေါက်ဟိုဆော့ဖြစ်နေသည်။

" ဟိုဆော့ !  ဟိုဆော့ပဲ Jack ! ကြည့်ပါအုံးကွာ ပန်းဆိုင်ရှေ့မှာ ဟိုဆော့ ဟုတ်တယ်မလား ! "

ဟူဒီအဝါရောင်ကလေးနှင့် ကောင်လေးမှာ
jack မျက်လုံးထဲမှာလဲသေချာပေါက်
ဟိုဆော့ပါပင်။

"ဟုတ်တယ် ! ငါတို့အဲ့ကိုသွားကြတာပေါ့"

ဒရိုင်ဘာကို ပန်းဆိုင်နားသို့အမြန်ပြန်ကွေ့ခိုင်းရသည်။
ထယ်ယောင်းလက်တွေတုန်လျက်

"စာရင်းတွေရှင်းပြီးပြီဖိုးဖိုးရေ..."

"အဲ့တာဆိုသွားကြတာပေါ့
မင်းဖွားဖွားမှာတာတွေလည်းဝယ်ရအုံးမယ်"

"ဟုတ်ဖိုးဖိုး"

ကားကိုရပ်ပြီး ကားပေါ်ကဆင်းဆင်းချင်းပြေးသွားပေမယ့်
ဟိုဆော့တို့ကားလေးသည်ထွက်သွားပြီဖြစ်သည်။
သူသယ်နေသောပန်းတွေထဲမှ ပြုတ်ကျကျန်ခဲ့သော မြေပေါ်က ပန်းလေးတစ်ပွင့်သာကျန်ခဲ့၏။

သူကောက်ယူလိုက်သောပန်းလေးသည်
သူ့မျက်စိအောက်တွင်စိုစွတ်ခဲ့ပြီ။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now