အပိုင်း - ၇

401 62 7
                                    

UNICODE

အမြဲတွေ့နေရပြီး လူရှေ့မှာသာငြိမ်နေပြီး
နှစ်ယောက်ထဲရှိချိန်ဆို အမြဲစူပုပ်ပုပ်ဖြင့်စကားနာထိုးတတ်သော ဟိုဆော့အမူအယာတွေကိုထယ်ယောင်းမတွေ့ရတော့ပေ။
အလုပ်အကြောင်းကလွဲ၍ အပိုမပြောအရယ်အပြုံးမရှိတာမို့ ထယ်ယောင်းစိတ်ထဲဘဝင်မကျလှ။

ဒီလိုလုပ်လို့မရဘူး ဂျောင်ဟိုဆော့!
မင်းကငါ့ကိုအမြဲကန့်လန့်တိုက်ချင်ခဲ့တာမလား၊ ငါ့ရန်သူပီသအောင်နေသင့်တာ။

"golf ကွင်းသွားဖို့အားလုံးအဆင်သင့်ဖြစ်ပြီ"

အေးစက်စက်စကားကြောင့် နေရာမှထကာ
golf ကွင်းဆီသို့ခရီးစခဲ့၏။

မိတ်ဆွေတွေနဲ့ golf ရိုက်ဖို့ချိန်းထားတာ
ဘာမှလုပ်ချင်စိတ်မရှိဖြစ်နေပေမယ့်
အသိမိတ်ဆွေတွေမို့ငြင်းလို့ကလည်းမရ။

ထယ်ယောင်း golf ကွင်းတစ်လျှောက်
ဟိုဆော့ကနောက်ကနေထီးလိုက်ဆောင်းပေးရ၏။
ဒီအလုပ်က ဟိုဆော့လုပ်စရာမလိုပေမယ့်
ထယ်ယောင်းက သိပ်ကိုဖိနှိပ်လွန်းသည်ဟု
jack ကမြင်မိပါသည်။

သူတို့နှစ်ယောက်ကြားဘာတွေရှိခဲ့မှန်းအတိအကျမသိပေမယ့်် ထယ်ယောင်းက
သူမလိုမုန်းထားတဲ့သူကိုသူ့အနားမှာမခေါ်ထားသင့်ဘူးမလား။

"ဟိုဆော့...."

"အာ...jack!"

"ဟိုနေ့ကဖြစ်ခဲ့တဲ့ ကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ် တစ်ကယ်ဆိုကိုယ်သူ့ကိုခွင့်အရင်တောင်းလိုက်ရမှာ အခုတော့ကိုယ့်ကြောင့်"

"ပြီးခဲ့တာတွေထားလိုက်ပါတော့!
jack အပြစ်မဟုတ်ပါဘူး
ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး ရေဘူးယူခိုင်းတာကြာနေရင်ပြောလိမ့်မယ်"

"ကောင်းပါပြီ ကိုယ်ဟိုဆော့နဲ့စကားတွေအများကြီးထပ်ပြောချင်တယ် ဟိုဆော့"

jack စကားကိုဘာမှတုံ့ပြန်ခြင်းမရှိပဲထွက်လာခဲ့၏။
အဝေးကနေလှမ်းမြင်နေရတဲ့မျက်နှာက
ဘယ်လိုတောင်အလိုမကျနေလဲ အဝေးကနေပင်မြင်နေရသည်။
စိုက်ကြည့်နေတဲ့မျက်လုံးတွေနဲ့အတူပေါ့။

"ပြန်လာသေးတယ်နော်"
ထယ်ယောင်းရဲ့ပစ်တင်စကားကိုအရေးမစိုက် သူ့လက်ထဲကရေဘူးကိုသာကမ်းပေးလိုက်သည်။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now