ဇာတ်သိမ်းပိုင်း

644 65 15
                                    

UNICODE

စိတ်ပူရလွန်းလို့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ ဘာကြီးကြီးမားမားထိခိုက်မှုမှမရှိစေဖို့ဆုတောင်းရင်းလိုက်လာခဲ့ရသည်။

ကားကတစ်ဖြည်းဖြည်းမြို့ပြင်ကို
ရောက်လာပြီဖြစ်၏။
စိတ်ထဲအနည်းငယ်စိုးရိမ်မိပေမယ့်
ချစ်သူကိုစိုးရိမ်စိတ်ကပိုပြီးစိုးမိုးနေခဲ့သည်။

" ရောက်ပြီ ! "

မြို့ပြင်က အိမ်တစ်အိမ်သာဖြစ်ပြီး
ဆေးရုံမဟုတ်တာမို့ ဟိုဆော့စိတ်ကသိပ်မယုံချင်တော့။

" ပြောတော့ဆေးရုံဆို ! "

"အထဲမှာ မင်းရဲ့လူရှိတယ် "

"မဟုတ်သေးဘူး...ဒါဘယ်လိုနေရာလဲ "

"ကျစ် ! စကားများလိုက်တာ "

ဟိုဆော့ပါးစပ်ကိုပိတ်ပြီး
ခြံကြီးထဲသို့အတင်းဆွဲခေါ်သွား၏။
ရုန်းပေမယ့်အားကမမျှတာကြောင့်ပါသွားရသည်။

=====

"အဖွားကြီး...ဖုန်းလာနေတယ်"

"သားလေးဖုန်းကျန်ခဲ့တာပဲ
ဟယ်လို.."

"အဖွားလား...ကျွန်တော်အိမ်ပြန်ရောက်ပြီ
ကလေးရော!"

"ဟင်! ထယ်ယောင်း!
အဖွားကိုနောက်နေတာတော့မဟုတ်ပါဘူးနော်် "

"ဘာကိုလဲအဖွား ! "

"သားလေးကိုလူတစ်ယောက်လာခေါ်သွားတယ် ထယ်ယောင်းကားမတော်တဆဖြစ်လို့တဲ့ "

" ဟမ်! ကျွန်တော်ဘာမှမဖြစ်ခဲ့ဘူးအဖွား"

"ဟင်...အဲ့တာဆိုလာခေါ်သွားတာဘယ်သူလဲကွယ် "

"ဟိုမိန်းမ !!  တွေ့ကြသေးတာပေါ့ "

ဖုန်းချပြီးတော့ ဖုန်းစိမ်းတစ်လုံးကထပ်ဝင်လာခဲ့ပြန်သည်။

" ဘယ်သူလဲ "

" ဘယ်လိုလဲထယ်ယောင်း အဆင်မှပြေရဲ့လား "

" မင်း ! ဟိုဆော့ဘယ်မှာလဲ !"

" နင်ကဉာဏ်ပြေးသားပဲ
ငါ့အသံကြားတာနဲ့တန်းသိတယ်နော် "

"စောက်ပိုတွေမပြောနဲ့တော့
အခုဘယ်မှာလဲ ငါလာခဲ့မယ် ! "

"မပြောနိုင်ပါဘူး...နင်လာလည်းအချိန်မမှီတော့ဘူး ဂျောင်ဟိုဆော့ကိုသူတို့..."

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now