အပိုင်း - ၅

421 72 10
                                    

UNICODE

ပထမဆုံးအလုပ်ရက်မှာတင် မိုးကအုံ့တုံ့တုံ့ရယ်
သည်းထန်စွာရွာလုမတတ်ဖြစ်နေသော
မိုးကိုကြည့်ရင်း အထီးကျန်သည်ဟုခံစားမိခြင်း။

မနက်စောစောဖြစ်တာတောင်
ညှို့မှိုင်းနေသောကောင်းကင်ကိုမျက်စောင်းတစ်ချက်ထိုးပစ်လိုက်၏။

အသင့်စားခေါက်ဆွဲဗူးထဲသို့ရေနွေးပွက်ပွက်ကိုထည့်ကာ မိနစ်အနည်းငယ်စောင့်နေရင်း
အလုပ်သွားရန်ပြင်ဆင်သည်။

ဘာမှမပြင်ဆင်လျှင်တောင် နုဖက်ပြီးလှနေသူအဖို့ ဝန်ထမ်းဟုထင်ကြပါ့မလားလို့ပင် အလှမာနလေးအနည်းငယ်တက်ပြီးတွေးမိသေး၏။

အားလုံးပြင်ဆင်ပြီး ပထမဆုံးအလုပ်အတွက်
စတင်ထွက်ရတော့သည်။
Bus ကားတိုးမစီးတတ်တာကြောင့် Taxi ကိုသာငှားလိုက်သည်။
ငွေကုန်တယ်ဆိုပေမယ့်
အလုပ်ကရမည့််လစာနဲ့ဆိုဘာမှပြောပလောက်မည်မဟုတ်။

=====

သူ့လက်တွေတုန်နေတယ်
အလုပ်စားပွဲပေါ်မှာ ထိုင်လိုက်ထလိုက်လုပ်ရင်း သူ့ရင်တွေလည်းခုန်နေခဲ့တယ်
ဒါတွေဟာ စိတ်လှုပ်ရှားမှုသပ်သပ်သာ

ရာဇဝင်ကြွေးတစ်ခုဆပ်ရမည့်ပုံစံမျိုးဖြင့်
သူ၏ ဒါဏ်ရာလူသားလေးကို ပြန်လည်တွေ့ရမည်ဆိုတော့ ထယ်ယောင်းတစ်ယောက်
အောင်နိုင်သူအပြုံးကိုတော့ဖြင့် ကောင်းကောင်းကြီးပြုံးနေ၏။

"Boss...အပြင်မှာ ဂျောင်ဟိုဆော့ ရောက်နေပါပြီ "

"လွှတ်လိုက်!"

=====

အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ
နှင်းဆီရနံ့သင်းသင်းလေးက ဟိုဆော့စိတ်ကိုလန်းဆန်းစေ၏။

သူ့ကိုနောက်ကျောပေးထိုင်နေသော
သူဌေးက သူရောက်တာတောင်လှည့်မလာသေး။

"မင်းက ဂျောင်ဟိုဆော့နော်"

"ဟုတ်ပါတယ်"

"ထိုင်ပါအုံး "

ခပ်ကြီးကြီးကျယ်ကျယ်ပုံစံဖြင့်
ခုံပေါ်မှာ အမိန့်သားထိုင်ပြီး နောက်လှည့်ကာပြောနေသော သူဌေးကိုဟိုဆော့သိိပ်တော့
ဘဝင်မကျ။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now