အပိုင်း - ၁၂

393 61 16
                                    

UNICODE

ကိုကိုလို့ခေါ်လိုက်တာပါလား
ကိုယ့်ချစ်သူဆီကရတဲ့ပထမဆုံးနာမ်စားလေးမို့ ပျော်မိပါသည်။
ပြီးတော့ရင်တွေလည်းခုန်နေလျက်။

" ကိုကိုလို့ "

"ဗျာ...ကလေး...ဗျာ"

"ခေါ်နေတာကို "

"ဟီး ရုတ်တစ်ရက်မို့ပါ "

ကိုကိုခေါ်လိုက်လို့ဖြစ်သွားတဲ့သူ့မျက်နှာက
ပန်းရောင်တောင်သန်းသွားသေးတာ
ရှက်တတ်နေပါလား ကိုကိိုရယ်...

" ကလေးက ကိုကိုနဲ့နေချင်ပါတယ််
အဖိုးနဲ့အဖွားနှစ်ယောက်ထဲကျန်ခဲ့မှာစိုးလို့ပါ
သူတို့ကအသက်ကြီးပြီလေ "

ကိုယ့်အရပ်ရှည်ရှည်ကိုမော့ကြည့်ပြီး
အသနားခံနေတဲ့ပုံစံလေးက တောင်းဆိုသမျှကိုလိုက်လျောချင်စရာ

"နော် ကိုကို့..."

"အင်း ကလေးသဘော
ဒီတိုင်းလည်းတွေ့လို့ရနေတာပါပဲ
ဒါပေမယ့် လက်ထပ်ပြီးရင်တော့တူတူနေရမှာ "

"အင်းပါ ဟင်း..ကိုကိုက ဘာပြောမှန်းမသိဘူး"

"ဟောဗျာ...ကိုကိိုပြောတာမဟုတ်ဘူးလာကိုကိုတို့ကလက်ထပ်ကြရမှာပဲဥစ္စာ"

ကလေးကငယ်ငယ်ကအတိုင်း သေးသေးသွယ်သွယ်လေး ချစ်ဖို့ကောင်းတုန်းမာနခဲလေးကိုအမြင်ကပ််တယ်သာပြောတာ
သူ့စိတ်တိုင်းကျလိုက်လုပ်ပေးခဲ့ရသေးတာ...

အခုလည်းဘာထူးလဲ ကလေးကကိုယ့်အပေါ်အမြဲနိုင်စားနိုင်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။

=====

အခုတလောအလုပ်တွေလည်းတက်တက်ကြွကြွလုပ်နိုင်နေတာ ဘာလုပ်လုပ်စိတ်ကရွှင်ပြနေရော ကလေးနဲ့ချစ်သူဖြစ်ပြီးကတည်းကဆိုပါတော့။

အခုလည်း ပိတ်ရက်မို့ ကလေးနဲ့အတူအချိန်ဖြုန်းနေခြင်းပင်။

" ကိုကိုရေ...မကျက်သေးဘူးလားလို့ "

"ရတော့မယ် ကလေးရေ ခနပဲစောင့်နော် "

အေပရွန်ကြီးဝတ်ကာ တစ်ကိုယ်တော်မီးဖိုချောင်ဝင်နေရတော့သည်။
ပိတ်ရက်မို့ပူဆာတဲ့ ကလေးသဘောကျ
သူ့အကြိုက် ပင်လယ်စာလုပ်ကျွေးဖြစ်သည်။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now