အခန်း-(၅၂) သစ်တောပြပွဲ

103 28 0
                                    

Zawgyi

အခန်း-(၅၂) သစ်တောပြွဲ

ယုံချီရဲ့ ပတ်ပတ်လည်မှာရှိတဲ့ လေထုအမှုန်အမွှားတွေက စုစည်းလာပြီးတော့ ကျောက်Sရဲ့ ဓားကထွက်လာတဲ့ အလင်းတန်းက ပစ်မှတ်မရောက်ခင်မှာဘဲ ကွဲအက်သွားခဲ့ပါတယ်။

ယုံချီက ပါးစပ်လေးအုပ်ရယ်ရင်း ပြောလာတယ်။

"ဒီလိုလေထိန်းချုပ်နည်းကို နင်နဲ့ ကောင်းချင်းကျုံယဲ့ကိုပဲ စူလော်ကသင်ပေးခဲ့တာကြောင့် နင်တို့သုံးယောက်ကလွဲပြီး တစ်ခြား ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ နင်ထင်နေတာမလား"

စူလော်ရဲ့ နာမည်ပြောလိုက်တာနဲ့ ကျောက်Sရဲ့ အမူအရာက ပြောင်းလဲသွားပြီး မုန်တိုင်းထန်လာတယ်။တစ်ဆက်ထဲမှာပဲ သူမဘေးနားက လေတွေက တရစပ်တုန်ခါလာပါတယ်။

တုန်ခါမှု‌ကြောင့် ကျွန်မတောင် ကောင်းကောင်းမရပ်နိုင်တော့လို့ လက်တစ်ဖက်က နျွယ့်ကျွမ်းကို လှမ်းဆွဲထားရတယ်။ကျန်တစ်ဖက်ကတော့ လေထဲလွင့်နေတဲ့ ကျွန်မရဲ့ သွေးနီရောင်ဂါဝန်စကို ထိန်းထားရင်းရှေ့က မြင်ကွင်းကိုမလွတ်တမ်း ငေးကြည့်နေမိတယ်။

ယုံချီရဲ့ အစိမ်းရောင်ဆံပင်တွေကလည်း လေထဲဝဲလွင့်နေပြီး သူမမျက်နှာမှာလည်း သွေးတွေဖုံးလွှမ်းလာပါတယ်။သူမကြည့်ရတာ ဂရိဒဏ္ဍာရီက Medusa နဲ့တောင်တူလာသလိုပါပဲ။(*Medusaရဲ့ရုပ်တုပုံကို coverမှာ ပြထားပေးလိုက်တယ်နော်)

"မစိုးရိမ်ပါနဲ့ လောလောဆယ် ငါနင်နဲ့တိုက်ခိုက်ချင်စိတ်မရှိသေးဘူး ပြီးတော့ ငါ့ကိုမေးခွန်းတွေ မေးလာမှာကိုလည်းငါမဖြေပေးနိုင်သေးဘူး ဒါကြောင့် ငါ့ကို ဘေးဖယ်ထားလိုက်ပြီး လုရွဲ့ကိုသာ ရှာခွင့်ပြု"

လုရွဲ့နာမည်ပါလာတော့ ကျွန်မမျက်လုံးက ပြူးကျယ်လာတယ်။ချက်ချင်းပဲ နျွယ့်ကျွမ်းကို ကိုင်ထားတာလွှတ်လိုက်ပြီး ယုံချီကို ကျွန်မမြားနဲ့ချိန်ရင်းပြောလိုက်တယ်။

"လုရွဲ့ကို လက်ဖျားနဲ့တောင် ထိဖို့မကြိုးစားတာကောင်းမယ်"

ကျွန်မ စကားကြားတော့ ယုံချီက ထပ်ရယ်တယ်။

"ငါက သူ့ကိုထိဖို့ကြိုးစားတယ်ဟုတ်လား? ထိရအောင် အဲ့ကလေးမက ပုံမှန်မဟုတ်တော့တာ နင်မသိဘူးလား ပြောရရင် သူခုလိုအပြင်မှာပဲ ထွက်ပြေးနေမှတော့ ငါက ဘယ်ချိန်သွားထိရမှာလဲ....သူနဲ့ ပတ်သက်ပြီး နင်တို့ကိုက စိတ်ခံစားချက်ကို ရှေ့တန်းတင်လွန်းနေတာ ဒါ့အပြင် လုရွဲ့ကို အရင်ကသိခဲ့တဲ့ လုရွဲ့လို့ပဲထင်နေကြတာလား တော်လောက်ပြီငါ့မှာ နင်တို့နဲ့ ဆက်ကစားနေဖို့ အချိန်မရှိတော့ဘူး"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now