အခန်း-(၈၄) သူ့အတိတ်

99 18 0
                                    

Zawgyi

အခန်း-(၈၄) သူ့အတိတ်

"ဟုတ်သားပဲ...ကျွန်မ ရှင့်ကိုမေးချင်တာ တစ်ခုရှိသေးတယ်သိလား"

ကျွန်မ နျွယ့်ကျွမ်းကို တစ်ချက်ကြည့်ပြီးမေးလိုက်တယ်။

"အင်း"

"ကျွန်မ တောင်ဘက်ခရိုင်ရဲ့ ပုံရိပ်ယောင်ထဲပိတ်မိနေတုန်း 'ရှန်းအာ' ဆိုပြီး ရိုးရိုးရှင်းရှင်းခေါ်လာတဲ့ အသံကြားလိုက်ရတဲ့အချိန် ကမောက်ကမဖြစ်နေတဲ့ ကျွန်မစိတ်တွေက ပြန်တည်ငြိမ်လာခဲ့ရတယ် ပြောရရင် အဲ့အသံက ကျွန်မအတွက် စိတ်ငြိမ်စေတဲ့ အစီအရင်တစ်ခုလိုပဲသိလား ပြီးတော့ အဲ့အသံက ရှင့်အသံနဲ့တော်တော်တူတယ်သိလား မဟုတ်မှလွဲရော အဲ့တာက ရှင့်အသံများလား"

"အင်း ငါပဲ"

နျွယ့်ကျွမ်းက ခေါင်းငုံ့လိုက်ပြီး သူ့လက်အိတ်တြွေပန်ဝတ်နေပါတယ်။

"မင်းမျက်ဝန်းရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ငါ့မြင်နိုင်စွမ်းကို အစီအရင်တစ်ခုလိုထည့်ထားတယ်လေ မင်းစိတ်တွေ မတည်မငြိမ်ဖြစ်လာတိုင်း အဲ့အစီအရင်က အလိုလို အသက်ဝင်လာလိမ့်မယ် ရှင်းရှင်းပြောရရင် မင်းစိတ်တွေ ထိန်းမရတော့အောင် ကမောက်ကမဖြစ်လာပြီး မင်းမျက်လုံးက အမှောင်ဖုံးလာရင် အဲ့အစီအရင်က အလုပ်လုပ်လာမှာပဲ မင်းကြားခဲ့တဲ့ အသံကလည်း ငါတမင်လုပ်ထားတဲ့ အစီအရင်ပဲ အဲ့အသံက မင်းစိတ်တည်ငြိမ်အောင် လုပ်ပေးနိုင်တာကလွဲရင် တစ်ခြားဘာမှအသုံးမဝင်ပါဘူး"

ကျွန်မ ကြက်သေသေသွားမိတယ်။သူပြောနေတဲ့ အစီအရင်ကို တစ်ခါမှ မကြားခဲ့ဖူးတာကြောင့်ပါ။

"ဘာ‌လို့လဲ"

"ကျဲပက မင်းကို တစ်ခါ အိပ်မွေ့ချကြည့်ဖူးတယ် အရင်တုန်းက ကိုဆံရွှေကလည်း မင်းစိတ်မတည်ငြိမ်တဲ့ အခြေအနေကို ပြောပြခဲ့တယ် စိတ်ကွဲရောဂါဆိုတာ လွတ်လပ်တဲ့ စိတ်ဝိညာဉ်နှစ်ခု ကွဲထွက်နေတာဖြစ်ပြီး မင်းလိုအခြေအနေနဲ့ ဒီနေရာရောက်လာတဲ့လူကျတော့ အဲ့လို နှစ်ခု အပြည့်အစုံ ရှိမနေဘူးလေ-

အရင်ကလည်း အဲ့လိုရောဂါနဲ့ ဒီနေရာမှာ မပြည့်စုံဘဲ ရောက်လာတဲ့ ဖြစ်ရပ်တွေရှိခဲ့တာကြောင့် မင်းကိုယ်တိုင်လည်း ချွင်းချက်မရြှိဖစ်နေတာပဲ အဲ့တာကို မင်းလည်းသိပါတယ် အထူးသဖြင့် မင်းရှင်သန်နေရတဲ့ဘဝအပါအဝင် ဒီနေရာမှာပဲ ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေ အားလုံးက မင်းရဲ့ စိတ်ဝိညာဉ်က ဒီနေရာ ဒီအတိုင်းအတာမှာပဲ ခွင့်ပြုနိုင်တာကြောင့်လေ-"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now