အခန်း-(၁၀၅) ကွဲပြားမှုဆိုတာ တူညီတဲ့အဆုံးသတ်ပါ

87 20 0
                                    

Zawgyi

အခန်း-(၁၀၅) ကွဲပြားမှုဆိုတာ တူညီတဲ့ဆုံးတ်ပါ

တုယွဲ့က နောက်ဆုံးမှာ ခေါင်းညိတ်ပြလာတယ်။ 

"ကောင်းပြီ ကျွန်မ ရှင့်ကို ကတိပေးတယ်...ရှင်သာ ကျွန်မနဲ့အတူ မြောက်ဘက်ခရိုင်ကို ပြန်လာရင် ကျွန်မအနောက်ဘက်ခရိုင်ထဲကို ဘယ်တော့မှ ခြေမချတော့ဘူး"

ယုံချီက အလောတကြီးဝင်ပြောလာတယ်။

"ဒါပေမဲ့ ငါ့ရဲ့ နတ်ဆိုးခုနှစ်ယောက်ကို ဘယ်မှာမှ ရှာမတွေ့သေးဘူး‌လေ အဲ့ဒါအပြင် ငါတို့က အနောက်ဘက်ခရိုင်ရဲ့ စမ်းသပ်ခန်းကနေ ထွက်သွားတော့မယ်တဲ့လား..."

"နင့်ရဲ့ကတိကို မမေ့ပါနဲ့ ယုံချီ  နတ်ဆိုး ခုနှစ်ယောက်မှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိပေမဲ့လည်း သူတို့ထက် ပိုအစွမ်းထက်တဲ့ တခြားလူတွေ ရှိပါသေးတယ် ပြောရရင် ငါ နင့်ကို ပိုသန်မာတဲ့လက်အောက် ငယ်သားတွေ ပေးမှာပါ"

တုယွဲ့က ပြတ်ပြတ်သားသား ပြောလာတယ်။

ယုံချီက ကျွန်မကိုမုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ စူးစူးရဲရဲ စိုက်ကြည့်လာလို့ ကျွန်မ သူမကိုပြန်ကြည့်ပေးလိုက်တယ်။

"ငါ့ရဲ့ နတ်ဆိုး ခုနှစ်ယောက် ဘယ်မှာလဲ အနောက်ဘက်ခရိုင် အရင်လို ပြန်ဖြစ်လာပြီးနောက်မှာတောင် သူတို့ရဲ့ နေရာကို ငါဘာလို့ ခံစားလို့မရတာလဲ"

ယုံချီက ဒေါသတကြီးမေးလာတယ်။

"အဘိုးအိုဖန်းက သူတို့ခုနှစ်ယောက် ကို ချိတ်ပိတ်ထားပြီးပြီမို့ သူတို့ကို ဘယ်လိုလွှတ်ပေးရမလဲဆိုတာ ငါမသိဘူး"

ကျွန်မ ရိုးရိုးသားသားပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ယုံချီက ကျွန်မကို သစ္စာဖောက်ခဲ့လို့ အပြစ်တင်ချင်ပေမဲ့ ကျွန်မ ဆုန်းလုနဲ့ တခြားသူတွေကို ဂရုစိုက်သလို သူမလက်အောက်ငယ်သားတွေကိုလည်း သူမ ဂရုစိုက်တယ်ဆိုတာ ကျွန်မသိပါတယ်။ပြောရရင် တစ်ချိန်က ညီအစ်မတွေလို ရင်းနှီးခဲ့တာမို့ သူမ လုပ်ရက်ကို ကျွန်မ မမုန်းပါဘူး။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]حيث تعيش القصص. اكتشف الآن