အခန်း-(၉၄) အကြီးစားညှိနှိုင်းမှု

82 21 0
                                    

Zawgyi


ကောင်းချင်းကျုံယဲ့ အပေါ် ရုံကျင့်ရဲ့ရန်လိုမှုကို ဟန့်တားဖို့အတွက် တလိုင်က ပြုံးလာတယ်။

"အတိုက်အခိုက်တွေက ဆက်တိုက်နေမယ်ဆိုရင် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး...ဒီတော့ လူတိုင်းက ကိုယ်ဖြစ်ချင်တဲ့ဟာကို ပြတ်ပြတ်သားသား ထုတ်ပြောကြမယ်ဆိုရင်ကော ဘယ်လိုလဲ? လူတိုင်းပြောတာကို ကြားပြီးရင်တော့ အဖြေတစ်ခုရလာမှာမို့ မကြိုးစားကြည့်ချင်ကြဘူးလား"

တလိုင် ဒီလိုမျိုးပြောလာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားတာကြောင့် အားလုံးက ငြိမ်သက်သွားကြပါတယ်။

ဒီတော့ ကျွန်မပဲအရင်စပြောလိုက်တယ်။မပြောခင် ခဏလောက်တော့ သူတို့ကို အကဲခတ်ကြည့်ပါသေးတယ်။

"ရှင်တို့ကြားက ဘယ်လိုအငြင်းအခုံ တြွေဖစ်နေပါ‌စေ ကျွန်မ ပန်းတိုင်က အရမ်း ရိုးရှင်းပါတယ် ပြောရရင်တော့-

ယုံချီ...နင့်ရဲ့လူတွေနဲ့ ငါ့အနောက်ဘက်ခရိုင်ထဲက ထွက်သွားပေးပါလား နောင်အနာဂတ်မှာလည်း နင့်ကို အနောက်ဘက်ခရိုင်က လူတစ်ယောက်အဖြစ် ငါအသိအမှတ်ပြုမှာ မဟုတ်ဘူး-

ပြီးတော့ ဝိညာဉ်လုယူသူ ရုံကျင့်...ရှင်နဲ့ တုယွဲ့ က ဒီစမ်းသပ်ချက်မှာ ဘာကို ကြံစည်ပြီး ရည်မှန်းထားလဲ မသိပေမဲ့ အနောက်ဘက်ခရိုင်မှာ ရှင်တို့တွေ ကျွန်မလူတွေကို နာကျင်အောင်လုပ်နေသမျှ ကျွန်မ ရှင်တို့ကို လွတ်ပေးမှာမဟုတ်ဘူးဆိုတာ သိထားပါ-

ဒီတော့ ကျေးဇူးပြုပြီး ယုလန်းကို ကျွန်မဆီ ပြန်ပေးပါ နောက်ပြီး လုရွဲ့နဲ့ ဆုန်းလုကို ဆက်ရှာဖို့လည်း ကျွန်မ လက်လျှော့မှာမဟုတ်ဘူးဆိုတာ သဘောပေါက်"

ယုံချီက မဲ့ပြုံးပြုံးရင်း ပြန်ပြောလာပါတယ်။ 

"နင့်ရဲ့ အနောက်ဘက် ခရိုင်က ခရိုင်မှူးရာထူးကို ငါတကယ် စိတ်ဝင်စားတယ်လို့ နင်ထင်နေတာလား? ပြီးတော့ နင့်သူငယ်ချင်းတွေကပဲ နင့်လူတွေဆိုရင် ငါကျတော့ကော ဘယ်လိုလဲ? ပြောရရင် ငါ့ရဲ့ နတ်ဆိုး ခုနှစ်ယောက်ကို ဒီအပျက်အစီးပုံထဲ ဘယ်နေရာမှ ရှာမတွေ့ဖြစ်နေတာကို သူတို့ ဘယ်သွားတာကို မသိဘဲ ငါက ဒီနေရာကိုပစ်ပြီး ထွက်သွားမယ်လို့ နင်ထင်နေလား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora