အခန်း-(၆၉) မင်း ငါ့ကို တောင်းပန်ရလိမ့်မယ်

113 23 1
                                    

Zawgyi

အခန်း-(၆၉) မင်း ငါ့ကို တောင်းန်လိမ့်ယ်

ခရမ်းရောင် အလင်းဓားသွားတွေကနေ လျှပ်စီးလျှပ်လာပြီး လေပြင်းတွေပါတိုက်ခတ်လာပါတယ်။ဘီလူးသုံးကောင်ကတော့ သူတို့ မျက်လုံးမှာစိုက်ဝင်နေတဲ့ ကျွန်မမြားတွေကို ဆွဲကိုင်ရင်း ရင်ဘတ်စည်တီး အော်ဟစ်လာကြတယ်။

ဘုံး!

ခရမ်းရောင် အလင်းဓားသွားက ပေါက်ကွဲသွားတာကြောင့် ပတ်ဝန်းကျင်မှာ သွေးတွေ ရွှန်းကနဲ ရွှန်းကနဲ ပန်းထွက်လာတယ်!

ရွှတ်....!!!!!

ခရမ်းရောင် အလင်းဓားသွားက အသက်ရှိနေသလိုမျိုး ဘီလူးတွေရဲ့ ခန္ဓာကိုယ်ကို တစ်ဝက်တစ်ပျက် မဖြစ်မချင်း ဆက်တိုက်ခိုက်ပြန်တယ်။

ရွှတ်....!!!!!

အပိုင်းခြောက်ပိုင်းဖြစ်သွားတဲ့ ဘီလူးတွေရဲ့ ကိုယ်က မြေပြင်ပေါ် ဒုန်းကနဲ ပြတ်ကျလာတယ်။

ကျွန်မချက်ချင်း မြေပြင်ပေါ်ကနေ ပြန်ဆင်းလာပြီး နျွယ့်ကျွမ်းဘက်ကို ခေါင်းငဲ့ကြည့်မိတယ်။

သူကတော့ အေးအေးချမ်းချမ်း ပြုံးနေတုန်းပါပဲ။သူ့မျက်ဝန်းကတော့ ကြယ်ရောင်တွေ တလတ်လတ်တောက်နေပြီး နက်မှောင်တဲ့ဆံစ ရှည်ရှည်လေးတွေက လှပတဲ့ သူ့နဖူး‌ပေါ်မှာ ဖုံးအုပ်ဝဲလွင့်နေပါတယ်။ကျွန်မသူ့ကို ငေးကြည့်နေတာသိတော့ သူကပြုံးရင်း ကြာပွတ်ကို ကျွန်မဆီပြန်ပေးလာတယ်။

ဒီတော့ ကျွန်မသူ့ကို စောင်းငဲ့ကြည့်နေရင်းပဲ ပြောလိုက်တယ်။

"ဒီကြာပွတ် ကြည့်ရတာ ရှင်နဲ့ပို အံကိုက်ဖြစ်သလိုပဲ"

သူက မှိန်ဖျော့ဖျော့ပြုံးနေရင်းကနေ ခေါင်းကို ဖြည်းဖြည်းချင်းယမ်းပြတယ်။

"ငါက ဒီလိုအကြမ်းဖက်ရတဲ့အလုပ်တွေနဲ့ မကိုက်ဘူး ဘာလို့ဆို ငါက အရမ်းကို နူးညံ့ကြင်နာတတ်တဲ့လူဖြစ်လို့လေ"

သူကပြောနေရင်း မျက်လုံးတစ်ဖက်ပါ မှိတ်ပြလာ‌တော့ ကျွန်မလည်း မျက်လုံးကလယ်ကလယ်နဲ့ ထပ်ခါထပ်ခါ စိုက်ကြည့်ပေးလိုက်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now