အခန်း-(၁၁၅) အဆိပ်ဖန်တီးရှင်မောင်နှမ

80 20 0
                                    

Zawgyi

အခန်း-(၁၁၅) အဆိပ်န်တီးရှင်မောင်နှ

ယွမ်ရှန်းနဲ့ ယွမ်ချန်တို့ နှစ်ယောက်လုံး ကျွန်မအခန်းထဲရောက်လာတော့မှ ကျွန်မ အသိဝင်လာတယ်။

သူတို့နှစ်ယောက်လုံးက ဆင်တူ ရှပ် အကွက်အင်္ကျီ ဝတ်ထားကြပြီး အစ်ကိုဖြစ်သူ ယွမ်ရှန်းက ရိုးရိုးရှင်းရှင်း ဆံပင်စုချည်ထားတဲ့ ညီမဖြစ်သူ ယွမ်ချန်ထက် ခေါင်းတစ်လုံးပိုမြင့်ပါတယ်။သူတို့ရဲ့ လျစ်လျူရှုပြီး အေးဆေးနေတတ်တဲ့ အမူအရာတွေကလွဲရင် သူတို့က လက်တွေ့ကမ္ဘာက တခြားမောင်နှမတွေလိုပါပဲ။

"ခရိုင်မှူး"

မောင်နှမနှစ်ယောက်လုံးက တည်ငြိမ်အေးဆေးတဲ့ ပုံစံနဲ့ စနှုတ်ဆက်လာတယ်။

ဒီမောင်နှမနှစ်ယောက်အကြောင်း ကျွန်မ အတော်လေး သိချင်လာတယ်။

"ထိုင်ပါဦး"

သူတို့ကိုကြည့်ရင်း ကျွန်မပြောလိုက်တယ်။

သူတို့က ကျွန်မ အဲ့လိုပြောလာမှာကို မမျှော်လင့်ထားသလိုမျိုး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။သူတို့နှစ်ယောက်လုံး လက်ရှိရာထူးကနေ မပြောင်းကြဘူးဆိုတာကိုမြင်ရတော့ ကျွန်မ အေးဆေးပဲပခုံးတွန့်ပြီး အဲ့ရာထူးကို စိတ်မ၀င်စားသလိုနေပြလိုက်တယ်။

"မင်းတို့နှစ်ယောက်လုံးက အဆိပ်ကို ကျွမ်းကျင်တယ်လို့ ငါကြားတယ်" 

နျွယ့်ကျွမ်းက စကားဆက်ပေးလာတော့မှပဲ ကျွန်မမှာ ရေတစ်ခွက်ကိုသဘာဝဆန်ဆန် သောက်ချလိုက်ပြီး လိုက်လျောညီထြွေဖစ်အောင် မနည်းနေ‌နေလိုက်ရတယ်။

"ငါတို့တွေ နည်းနည်းပဲသိပါတယ်"

အစ်ကိုဖြစ်သူ ယွမ်ရှန်းက ဖြေလာတယ်။

ကျွန်မ ရေတစ်ငုံသောက်လိုက်ပြီး လက်ထဲက ဖန်ခွက်ကို လက်ချောင်းတွေနဲ့ အသာအယာ ပုတ်လိုက်ပြီး နံရံဘက်ကို အေးဆေးတွန်းပို့လိုက်တယ်။

"ရှင်တို့ ကျွန်မကို အရည်အချင်းတစ်ခုခုပြရင်ကော ဘယ်လိုသဘောရလဲ" 

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now