အခန်း-(၆၁) ခက်ခဲတဲ့ ရွေးချယ်မှု

98 26 2
                                    

Zawgyi

အခန်း-(၆၁) ခက်ခဲတဲ့ရွးချယ်မှု

ကျောက်Sက မြေပြင်ပေါ်မှာလှဲလျောင်းရင်း အကျပ်ရိုက်နေတဲ့အချိန် ကျွန်မနှလုံးနဲ့ ခေါင်းကနာကျင်မှုတွေက ပြန်ကောင်းလာနေပါပြီ။ကျွန်မထထိုင်ထိုင်ချင်းမှာပဲ တောထဲတစ်နေရာကနေ လူတစ်ယောက်ရဲ့ ပုံရိပ်ကပေါ်လာပါတယ်။သေချာကြည့်တော့မှ ကျွန်မကို ဒေါသမျက်ဝန်းတွေနဲ့ စိုက်ကြည့်‌နေတဲ့ ကူဖေးကိုတွေ့လိုက်ရတယ်။

"လီရှန်း...ခင်ဗျား ကျွန်တော့်ကို လိမ်နေခဲ့တာလား?"

သူကပြောပြီးတာနဲ့ သတိလစ်နေတဲ့ ဟွမ်ချင်းနားပြေးသွားရင်း ကျွန်မကိုထပ်စိုက်ကြည့်လာတယ်။

"သခင် ဟွမ်ချင်းနဲ့ မီဖူပျောက်နေတာ ခင်ဗျား တစ်ခုခုလုပ်ခဲ့လို့မလား ပြောရရင် ခင်ဗျားတို့အားလုံးနောက် ကျွန်တော် လိုက်ကြည့်နေခဲ့လို့ ဒီလိုလျှို့ဝှက်ထားတာကို ရှာတွေ့နိုင်တာပဲ အထူးသဖြင့် ခင်ဗျားတို့တွေ ကျွန်တော့် မြင်ကွင်းကနေ ပျောက်သွားချိန်ကနေ ကျွန်တော် တပ်ကြပ်မကွာလိုက်နေခဲ့တာ..."

ကျွန်မ ပြန်ပြောဖို့ပြင်တုန်းမှာပဲ လီဝမ်က မျက်မှောင်ကြုတ်ရင်း ကျွန်မထက်အရင်ပြောလာတယ်။

"တပ်ကြပ်မကွာလိုက်နေခဲ့တယ်ဟုတ်လား? ဒါဖြင့် ကျွန်မတို့တွေ ဒီတောထဲကနေ ပျောက်သွားချိန်ထိ ရှင်ရှိနေခဲ့တာလား? ပြီးတော့ ကျွန်မတို့ပြောနေတာ အားလုံးကို ရှင်ကြားလိုက်လား?'

လှပတဲ့ လီဝမ်က သူ့ကို စကားလာပြောတာမြင်လိုက်ရတဲ့ ကူဖေးက လီဝမ်အလှထဲ ခဏတာတော့ မင်သက်သွားခဲ့ပေမဲ့ ချက်ချင်းပဲ ပြန်ထိန်းပြီး ဖြေလာတယ်။

"ကြားတာပေါ့...အဲ့တာတွေ အားလုံးနဲ့ပတ်သက်ပြီး အဓိကအချက်ကဘာလဲ? ထားပါလေ...ကျွန်တော် တစ်ခြားကိစ္စတွေ စိတ်မဝင်စားဘူး မီဖူဘယ်မှာလဲဆိုတာ သိချင်ရုံပဲ ပြောရရင် ခင်ဗျားလူတွေက မီဖူကို ဘယ်ခေါ်သွားခဲ့တာလဲ?"

လီဝမ်ရဲ့ မျက်ဝန်းက အရမ်းကို ဝမ်းသာသွားတဲ့ ပုံနဲ့ပြုံးလာတာကြောင့် ကျွန်မရင်တွေတုန်လာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt