အခန်း-(၁၅၅) မကောင်းဆိုးဝါးက နျွယ့်ကျွမ်းပါ

94 17 0
                                    

Zawgyi


"မင်းရဲ့မျက်လုံးထဲမှာ ငါထည့်ထားတဲ့ ကျိန်စာအစီအရင်တွေကို မင်းရဲ့အသိစိတ်က တကယ်ကို ဝါးမျိုသွားနိုင်တာပဲ…"

တလိုင်က သူမျက်မြင်တွေ့နေရတာကို မယုံနိုင်သေးတဲ့ပုံနဲ့ ရေရွတ်လိုက်တယ်။အနက်ရောင် မြူခိုးတွေက သူ့အရေပြားမှာ ဝန်းရံထားရင်းကနေ အပိုင်းအစတစ်ခုလို တောက်လောင်လာတယ်။

နျွယ့်ကျွမ်းရဲ့ တခြားမျက်လုံးကလည်း နီရဲလာတယ်။တောက်ပပြီး နီမြန်းတဲ့ အလွှာတစ်ခုက သူ့ရဲ့ အနက်ရောင် မျက်ဆံတွေကို ဖုံးအုပ်ထားပြီး ဖြူဖျော့နေတဲ့ သူ့လက်ဖဝါးကနေ အနက်ရောင် မြူခိုးတွေက ဆက်တိုက် ထွက်နေပါတယ်။အဲ့ဒီ မြူခိုးတွေက သူ့လက်ချောင်းတွေကို ဝန်းရံထားပြီး လက်ချောင်းသုံးချောင်း ဆုံးရှုံးသွားတဲ့နေရာမှာတော့ အရိုးဖြူတွေ ပေါ်လာတယ်!

အရိုးထဲက အဖြူရောင်ကတော့ အနက်ရောင် မြူခိုးတွေနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်သလို သူ့ အသားတွေနဲ့ ရောယှက်နေပြီး အံ့သြစရာကောင်းလောက်အောင် အရှိန်နဲ့ပြန်ဖွံ့ဖြိုးနေတာကို ကျွန်မမြင်လိုက်ရတယ်။

အေးစက်နေတဲ့ ကျောက်မြေပြင်ကနေ နျွယ့်ကျွမ်းရဲ့လက်ကို ကျွန်မလှမ်းကြည့်လိုက်တယ်။ခုချိန်မှာတော့ သူ့လက်က အပြည့်အဝ ပြန်ကောင်းနေပါပြီ။တစ်မိနစ်မပြည့်ခင်မှာပဲ သူ့လက်က ပြီးပြည့်စုံနေပြီဖြစ်သလို အမာရွတ်လည်းမရှိပါဘူး။

အနက်ရောင်မြူခိုးတွေ သူ့လက်ကို ဝန်းရံထားတာကိုကြည့်ရင်း နျွယ့်ကျွမ်းရဲ့ နီမြန်းတဲ့မျက်လုံးတွေထဲ နတ်ဆိုးအလင်းတန်းတစ်ခု လင်းလက်သွားတယ်။သူ့ကြည့်ရတာ အနက်ရောင် မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အရိပ်တစ်ခုလိုပါပဲ။အနက်ရောင် မြူခိုးတွေက မီးခိုးရောင် ကောင်းကင်ကြီးကို ဖုံးလွှမ်းလာသလို အရိပ်အယောင် အလွှာတစ်ခုကို ဖန်တီးလိုက်တာက ကျရောက်တော့မဲ့ ပျက်စီးခြင်း ခံစားချက်ကို ယူဆောင်လာခဲ့သလိုပါပဲ။

တလိုင်က ခုချိန် ခေါင်းကိုပဲ မြင်နေရပြီး သူ့တစ်ကိုယ်လုံး အနက်ရောင် မြူမှုန်တွေ ဖုံးလွှမ်းသွားပါတယ်။သူ့ဆီကနေ လည်ပင်းညှစ်ခံလိုက်ရသလိုမျိုး အက်ကွဲသံကို ကျွန်မ ကြားလိုက်ရတယ်။သူ အော်ဟစ်လာတော့မယ်လို့ ထင်ရပေမဲ့ နျွယ့်ကျွမ်းရဲ့ဘယ်လက်ညိုးက နည်းနည်းလှုပ်ရှားသွားခဲ့လို့ မည်းမှောင်တဲ့ မြူခိုးမျက်နှာ ပေါ်လာတယ်။တလိုင်ရဲ့လည်ပင်းတစ်ဝိုက်မှာထွက်လာတဲ့ ကွဲအက်သံကြောင့် တလိုင်က အသံမထွက်နိုင်တော့ပါဘူး။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Tempat cerita menjadi hidup. Temukan sekarang