အခန်း-(၈၀) မှတ်ဉာဏ်အပိုင်းအစများ

99 21 6
                                    

Zawgyi

အခန်း-(၈၀) မှတ်ဉာဏ်ပိုင်းအစများ

"စီနီယာ ကောင်းချီ...ကျွန်မ ရှင့်ကို သဘောကျနေတာ ကြာပြီ ရှင် ကျွန်မကို အခွင့်အရေးပေးမယ် မဟုတ်လားဟင်"

မိန်းကလေးက ခေါင်းမော့ပြီး ကောင်းချီရဲ့ ပုံစံကို ကြည့်ရင်း လှမ်းအော်နေပြန်တယ်။

အဲ့ချိန်မှာ ကောင်းချီက ကျွန်မကို ငေးကြည့်နေတဲ့ အကြည့်တွေ ပြန်ရုပ်သိမ်းသွားခဲ့ပြီး သူ့အကြည့်တွေက အောက်ထပ်က မိန်းကလေးဆီရောက်သွားခဲ့ပါတယ်။

ပြီးတော့ ချက်ချင်းပဲ နွေးထွေးတဲ့ သူ့အပြုံးတွေကို ချိုးဖျက်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

ကျွန်မ မျက်နှာပေါ်မှာ အပြုံးတစ်ခုက ပိုတောက်ပလာတယ်။ပညာသားပါပါ ပြောတတ်တဲ့လူတွေရဲ့ စကားက 'ကျေးဇူးတင်ပါတယ်' ဆိုတာ တစ်ခါတလေ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားနဲ့ တူတူပဲဖြစ်လို့ပါ။

တချို့နေရာမှာ ကျေးဇူးတင်တယ်ဆိုတာကလည်း ယဉ်ယဉ်‌ကျေးကျေး ငြင်းလိုက်တဲ့ သဘောပဲ မဟုတ်လား။

မျှော်လင့်ချက်အပြည့်နဲ့ မိန်းကလေးကတော့ နောက်ဆုံးချိန်ထိ ဇွဲမလျှော့ဘဲ ထပ်ပြောလာတယ်။

"ဒါက ရှင် ကျွန်မ ချစ်သူဖြစ်​ဖို့ သ​ဘောတူသွားပြီလို့ ဆိုလိုတာလား"

'ငါမင်းကို လက်လျှော့လိုက်ဖို့ပြောနေတာ' ဒီလိုစကားကို စီနီယာ ကောင်းချီ ပြန်ပြောလာမှာကိုပဲ ကျွန်မ နက်နက်ရှိုင်းရှိုင်း ကြားချင်နေမိတယ်။

ပြောရရင် စီနီယာကောင်းချီက နူးညံ့ကြင်နာတတ်တယ်ဆိုတာ လူတိုင်းသိတဲ့အမှန်တရားတစ်ခုပါ။သူက လူတိုင်းအပေါ် ငြင်းရင်တောင် တိုက်ရိုက်မငြင်းဘဲ အမြဲယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်တတ်တဲ့လူမျိုးပါ။အထူးသဖြင့် ခုလို လူရှေ့သူရှေ့ ဖွင့်ပြောခံရတိုင်း သူက သူ့ဂုဏ်သိက္ခာအတိုင်းပဲ အမြဲ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပါတယ်။

ခုလည်း သူရဲ့ မျက်ဝန်းစွန်းတွေက နည်းနည်း ကွေးညွတ်လာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]حيث تعيش القصص. اكتشف الآن