အခန်း-(၁၃၉) ရှုပ်ထွေးပြီး အနုစိတ်တဲ့ကိစ္စ

76 21 0
                                    

Zawgyi


"ရှင် သူ့ကိုသတ်ခိုင်းနေတာလား ဒါဖြင့် သူ့ကိုဘယ်လိုမှ မသတ်နိုင်ဘူးဆိုတာကကော ဘယ်လိုကြီးလဲ"

စူလော်က သေသေသပ်သပ် ပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲမှာ ရှုပ်ထွေးနေတဲ့ အကြည့်တွေပေါ်လာပါတယ်။

"လူသတ်တာကို မင်းဘယ်လိုသတ်မှတ်ထားလဲ? မင်းချစ်တဲ့သူရဲ့ရင်ဘတ်ကို ဓားနဲ့ထိုးလိုက်တာက သူ့ကိုသတ်လိုက်တာလား? လီရှန်း...တားမြစ်ဇုန်ကနေ မင်း ထွက်မပြေးနိုင်ရတဲ့ အကြောင်းရင်းက မင်းကို ဒီနေရာက ချုပ်နှောင်ထားလို့ မဟုတ်ဘဲ မင်းကသာ ကိုယ့်ကိုယ်ကို ပိတ်လှောင်နေမိတာကြောင့်ပဲ"

စူလော်က ဘာလို့ အရာအားလုံးကို သိနေတာလဲ?

စူလော်က သူ့ခေါင်းကို စောင်းလိုက်တာကြောင့် ငြွေဖူရောင်ဆံပင်တွေက သူ့ပုခုံးထက်မှာ တဖျပ်ဖျပ်ခတ် လျှောကျလာတယ်။

"လူတိုင်းက ဘဝဒဿနိကတွေကို ဘယ်လိုပြောရမလဲပဲ သိကြပေမဲ့ တော်တော်များများက သူတို့ဟောပြောတာကို လက်တွေ့မလုပ်နိုင်ဘူး အဲ့ဒါက သူတို့မပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းပါပဲ ကောင်းချင်းကတော့ မတူပါဘူး ပြောရရင် သူ့ကို ငါ့လို ဖြစ်စေချင်တယ် ဒီချုပ်နှောင်မှုတွေကနေ လွတ်မြောက်ပြီး သူနှစ်သက်သလို ဘဝကို ရှင်သန်စေချင်တယ်-

ကောင်းချင်းပေါ်ရှိတဲ့ ခွဲထုတ်သင်္ကေတကို ဖွင့်လိုက်တာက သူ့ကို သတ်‌နေတာမဟုတ်ပါဘူး ဒါပေမဲ့ မင်းအဲ့လိုမလုပ်ဘဲ ငြင်းဆိုတာကပဲ သူ့ကို အမှန်တကယ် သတ်မိလိမ့်မယ် ပြောချင်တာက မင်းအနေနဲ့ သူသွားချင်တဲ့လမ်းကို လိုက်ဖို့မဟုတ်ဘဲ သူသွားရမဲ့လမ်းကို တွဲခေါ်ထားဖို့လိုတယ်ဆိုတဲ့သဘောပါ"

စူလော် စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်အစစ်အမှန်ကို ကျွန်မ နားမလည်နိုင်သေးပေမဲ့ နောက်ထပ် ခံစားချက်တစ်ခုက ကျွန်မရင်ထဲမှာ ပေါ်လာတယ်။စူလော်က ထူးထူးခြားခြား လူတစ်ယောက်လို့ ကျွန်မ စယုံကြည်လာတာပါ။ပြောရရင် လူတော်တော်များများက သူ့ကို သဘောကျကြတာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Nơi câu chuyện tồn tại. Hãy khám phá bây giờ