"ဖိုးထောင်နဲ့ ဂွတို ..ထည့်စားနော် မင်းတို့ စားဖို့ ဒေါ်မြကပိုချက်ထားတာများ စားပွဲကိုပြည့်လို့ .."
"ဟုတ်ပါ့ကွယ်..ထည့်စားကြ ငါ့တူတို့ "
ဦးမာန်ရှိန်က ဖိုးထောင်တို့ကို ဟင်းတွေထည့်စားဖို့ပြောသည်ကို အရီးမြကလဲ ဘေးကနေ လိုက်ပွဲတွေလိုက်ပေးရင်း သူအများကြီးချက်ထားကြောင်း ထောက်ခံလာသည်။ဟုတ်လဲဟုတ်သည် ဒီနေ့မှ အရီးမြချက်ထားတာ စုံလို့။
"ဟုတ် ..အများကြီး ထပ်စားအုံးမှာဗျ "
" စားကြ ငါ့ရွာသားတို့
မင်းတို့စားတာ အားရလွန်းလို့ ..ရွာပြန်ပြီး အလှူပေးအုံးမှပါကွာ "" အဲ့လိုဆို ကျွန်တော်တို့ရွာသားတွေ သဘောကျနေတော့မှာ ...တစ်ရွာလုံး ခုနှစ်ရက်ခုနှစ်လီ မီးခိုးတိတ်သွားအောင် လှူလိုက်တော့ .."
"ဦးမာန်ရှိန် လှူမယ်ဆို လုပ်အားပေးတဲ့ထဲ ကျွန်တော့် ကို ထိပ်ဆုံးက မှတ်ထားလိုက်တော့.."
ဂွတိုကလဲ လုပ်အားပေးမည့်စာရင်းထဲသူ့ကို ထိပ်ဆုံးက ထည့်ပါတဲ့။တကယ့်ဟာတွေ။မုန့်ဆီကျော်က ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလို ဖြစ်နေပြီ။ဦးမာန်ရှိန်က အမှန်တကယ် ချက်ချင်းကောက်လှူနိုင်သော်လည်း မယုံတာက သူတို့နှစ်ယောက်ကိုပင်။ဒီနှစ်ယောက်က လက်တွေ့သာမကျတာ အပြော ဆို လှတောသားနှင့် နင်လားငါလား တွေ..။
"အေးအေး အေးပါကွာ..ဟားးး"
ဖိုးထောင်နဲ့ ဂွတိုကလဲ ပလုတ်ပလောင်းနဲ့ ပြန်ပြော။ဒါကို ဦးမာန်ရှိန်ကလဲ သဘောတကျ။ဖိုးထောင်စားတာ သဘောကျလွန်းလို့ ရွာကိုတောင် အလှူပြန်လုပ်ချင်ပါသည်တဲ့။
ရယ်မောပြီး ဖိုးထောင်နှင့် အပြန်အလှန်စကားတွေ ပြောနေသည့်ဦးမာန်ရှိန်ကို ကြည့်ရတာ ခုမှလူမှန် နေရာမှန်ရောက်နေသလို။အသားကျနေတဲ့ အရာတွေကို လုပ်နေရသလို အစီအစဉ်တကျ။အလုပ်တွေကြည့် လုပ်နေရသည်ရဲ့ နောက်ကွယ်က ပင်ပန်းနွမ်းနယ်ခြင်းတွေက ခုမှရေထိပြီး လန်းလာရတဲ့ ပန်းကလေးလို။၀င်ကစွပ်ကောင်လေးတွေ သူ့နေရာ ရှာတွေ့သွားသလို အံ၀င်ခွင်ကျ။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"