သာယာလှပသော နံနက်ခင်းတစ်ခု၀ယ် အရှေ့အရပ်မှ နေ၀န်းနီနီကြီးသည်လည်း ထွက်ပြူစပြုနေပြီ ဖြစ်သည်။အေးစိမ်းစိမ့်မိုးသားကောင်းကင်ကြီးသည်လည်း တည်တည်ငြိမ်ငြိမ်နှင့် ကျက်သရေအတိ။ကျေးဌက်များသည်လည်း နံနက်ခင်းတေးသံသာကို တေးဆိုနေကျချိန်။စိမ်းစိမ်းစိုစိုနှင့် တောတန်းများသည်လည်း နံနက်နှင်းရည် သောက်သုံးနေကျချိန်။လယ်ကွင်းများသည်လည်း သူ့အကန့်နှင့်သူ မြေနီလမ်းမကြီး၏ နံဘေးတွင် အစီလိုက် အတန်းလိုက်တည်ရှိနေပုံမှာ ပနံသင့်လှပေသည်။ဝေဟင်မှသာ ရှုမျှော်ကြည့်နိုင်ပါက အလွန်တရာ လှပသောမြင်ကွင်းဖြစ်မည်မှာ မြေကြီးလက်ခက်မလွဲ။
ဤသည်ကား သာယာကုန်းရွာလေး၏ နံနက်ခင်းအချိန်အခါသာမယပင်။သာယာကုန်းရွာလေးသည် မြို့နှင့် အလှမ်းမကွာဝေးလှသော်လည်း ကျေးလက်၏ အငွေ့အသက်များ ယခုထိတိုင် လွှမ်းမိုးလျှက်ရှိသော ရွာကလေးဆိုသည်လည်း မမှားပေ။နံနက်ခင်းအချိန်အခါ ဖြစ်သောကြောင့် ယာခင်းများသို့ လှည်းများဖြင့်လာသူကလာ ရောက်နှင့်ပြီးသားသူများသည်လည်း လုပ်ငန်းခွင်ပင် ၀င်နေကြပြီ ဖြစ်သည်။ ကောက်ပဲသီးနှံရိတ်သိမ်းချိန်ဖြစ်သောကြောင့် တောင်သူများလည်း အပြုံးတွေ ဝေဝေဆာဆာရှိလှပေသည်။ယာခင်းထဲတွင် အလုပ်လုပ်ကိုင်နေကြသော တောင်သူများသည် ရှေ့ရေးတွေးမျှော်ကာ အားကြိုးမာန်တတ်လုပ်ကိုင်နေကြပုံမှာ မြင်ရကြားရသူအဖို့ အားရှိဖွယ်ရာအတိ။
ထိုနည်းတူ ယာခင်းများထဲမှ တစ်ခုတွင် အလုပ်လုပ်နေကြသော အလုပ်သမတစ်စု။ထိုထဲမှ အရွယ်သုံးပါးအနက် သက်လတ်အရွယ်ခန့်ဖြစ်ဟန်ရှိသော ဦးကြီးသာလှက
"ငါ့တူကြီး လက်ရုံး ပင်ပန်းနေပြီလားကွ "
"မပင်ပန်းပါဘူး ဦးကြီးရာ။ဒါတွေက ကျွန်တော်လုပ်နေကျအလုပ်တွေပဲဗျာ ပင်ပန်းတယ်ဆိုတာထုံးစံမရှိပါဘူး။ "
"ဟုတ်တော့ ဟုတ်တယ်လေကွယ်။ခုက ငါ့တူကြီးအတွက် ကျောင်းတတ်ပြီး ပြန်လာခါစမဟုတ်လား။ တောလုပ်တောကိုင်ဆိုတာ အတော်ပင်ပန်းတာမျိုးကွ။အကျင့်မရှိရင် မြက်တစ်ဆုပ်တောင် တင်းတင်းကိုင်နိုင်တာမဟုတ်လို့ ယာလုပ်တွေ ခုမှပြန်စနေတဲ့ တူကြီးကိုမေးကြည့်တာပါကွာ ။ပင်ပန်းတာမမှုဘူးဆိုလဲ ဆက်လုပ်ပေါ့ကွာ မင်းမှမနေတတ်ပဲ ။"
CZYTASZ
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Krótkie Opowiadania"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"