"ကိုကြီးလက်ရုံး..
မအိပ်သေးဘူးလားဗျ ""အင်း.. မင်းအိပ်နှင့်.. "
လက်ရုံးတို့ အလုပ်ကိစ္စနဲ့ နယ်ဘက်ရောက်နေခြင်းဖြစ်သည်။ဦးမာန်ရှိန်ကတော့ သူသွားမည် ပြောပါသေးသည်။သို့သော် ဦးမာန်ရှိန် အလုပ်နဲ့ပက်သက်လာလျှင် လက်ရုံးကပဲ အားထားရာ ဖြစ်နေသည်မို့ တန်ဖိုးမမဲ့လိုက်ချင်။နောက်လဲ ကျင်လည်ရမယ့် အတူတူတော့ ခုထဲက စထားတာ အကောင်းဆုံး။
ဒီက မန်နေဂျာကလည်း သဘောကောင်းသည်အပြင် စေ့စပ်သေချာသောသူပင်မို့ လုပ်ရကိုင်ရတာ အဆင်ပြေပါသည်။အပြောပဲသွတ်ပြီး လက်နှေးနေလျှင်လည်း စကားအပိုအလို မပြောတတ်သော ကိုယ်နှင့်က သိပ်အဆင်မပြေ။
ဖိုးထောင်ကလဲ ဆရာတော်ဘုရားတို့ ပြန်သွားကတည်းက ကိုယ့်နောက်တကောက်ကောက်။အိမ်မှာလဲ တစ်ခါတရံ ဦးမာန်ရှိန်နဲ့ အတူ လူကြီးလူကောင်းလုပ်ပြီး စကားတွေ ဖောင်ဖွဲ့ပြောနေသည်မှာ တဟားဟားနဲ့။ဦးမာန်ရှိန်ကတော့ ကိုယ်ပိုင် သီးသန့်လူရွှင်တော် ကောက်ရထားသလို ရယ်လို့ကိုမဆုံး။ဟိုလူကလဲ အပြင်ကို ခေါ်ခေါ်သွားပြီး လိုချင်တာ၊စားချင်တာ အကုန်၀ယ်ပေးရှာသည်။ဖိုးထောင်တစ်ယောက် အရီးတင်စိန်အိမ်နေသည်ထက်ပင် အချစ်ခံနေရသည်။
တောတ်တိုမယ်ရအကုန် သွတ်သွတ်လတ်လတ်လုပ်ပေးတတ်တဲ့ ဖိုးထောင်ကို အရီးမြတို့ကလဲ ချစ်မဆုံး။ရွာက သူ့တူနဲ့တူလွန်းလို့ လွမ်းတိုင်း ဖိုးထောင်ကိုပဲ အစားထိုးချစ်ရသည်တဲ့။ကိုအောင်ကျော်လည်း မလွတ် အဖွဲ့ကျတတ်တဲ့ သူမို့ ကိုယ့်ထက်ပင် ဆိုရှယ်အားကောင်းပါသေးသည်။
ခုလဲ မအိပ်သေးပဲ ဟိုလူ့အကြောင်းတွေ တွတ်ထိုးအုံးမှာ အသေအချာ။သတိရတိုင်း ခလုတ်တိုက်ကြေးဆို ဟိုလူတော့ ထရမှာကို မဟုတ်။
"အဟမ်း.. ဘာလဲ ခွဲရတာမှ တစ်ပတ်မပြည့်သေးဘူး .. ကိုကြီးနှိုင်းတုကို လွမ်းနေတာလားဗျ.. "
ဖိုးထောင်လည်း ညဆယ်နာရီလည်း ထိုးလုပြီ။ခုထိ မအိပ်သေးပဲ ငုတ်တုပ်ကြီး ထိုင်နေသော သူကို စချင်လာ၍ ပြောလိုက်ခြင်း။
"ဘယ်သူပြောလဲ.. မင်းအိပ်ချင်ရင် ..
စကားတွေမရှည်ပဲ..အိပ်နှင့်လေ"
VOUS LISEZ
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Nouvelles"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"