"သားကြီး လူလေးနှိုင်းတုကို ဂရုစိုက်အုံးနော် အဖေ ဟိုဘက်ယာခင်းထဲ သွားကြည့်အုံးမယ်"
"ဟုတ် ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်"
လက်ရုံးတို့ယာခင်းထဲ ရောက်နေခြင်းဖြစ်သည်။မနက်က လက်ရုံးဒီလူ့ကိုသွားနိုးတော့ အရင်နေ့ကလိုမဟုတ် ယာခင်းထဲလိုက်ချင်ပါသည် ဟုဆိုကာတန်းကုန်းရုံးထလာသည်။အမေက 'နေပူပါတယ် လူလေးရယ်'လို့ ပြောပြီး တားတော့လည်း မရသည်မို့ ခေါ်လာရခြင်း။အတင်း လိုက်ချင်နေသည်။
"လာ ခင်ဗျား ဒီကို အဲ့ဘက်မသွားနဲ့"
လက်ရုံး မိမိရှေ့က မြောက်ကြွမြောက်ကြွဖြင့်သွားနေသောသူအား လှမ်းခေါ်ရပြန်သည်။ယာခင်းထဲ မြွေကိုက်ခံရပါက မလွယ်ကြော။ဦးမာန်ရှိန်ဟုန်သာ သူ့သားမိမိတို့ရွာလာ၍မြွေကိုက်ခံရသည်ကြားပါက လက်ရုံးတို့အတွက် မလွယ်နိုင်ပေ။ကိုယ့်ထမင်းရှင်သားပေမို့ လက်ရုံးဂရုစိုက်ရမည်။အမေကလဲ တစ်ဖွဖွ မှာလိုက်သေးသည်။အဖေကလဲ လှည်းပေါ်က ဆင်းကတည်းက ဂရုစိုက်ရန် မှာသွားသေးသည် မဟုတ်လား။လက်ရုံးကတော့ လှည်းပေါ်မှာပဲ ကြိုးနဲ့ချည်ပြီးသာ ထားခဲ့ချင်ပါသည်။
"လာ ဒီဘက်"
လက်ရုံး လက်ကိုဆွဲလိုက်ပြီး ထပ်ခေါ်ကာမှ
"ဘာဖြစ်လို့လဲ"
"ခင်ဗျား မြွေကိုက်ခံရမှာကြောက်လို့ ပြောနေတာ လာ ကန်သင်းပေါ်ကလျှောက်"
ထိုသို့ပြောလိုက်ကာမှ မြွေကြောက်၍ထင်သည်။ကန်သင်းပေါ်တတ်လျှောက်သည်။ဒီလူ တကယ် အသက်သာနှစ်နှစ်ကြီးတယ်ပြောတာ လက်ရုံးထက်ခေါင်းတစ်လုံးစာပင် နိမ့်နေသေးသည်။ပြီးတော့ နို့နှစ်ရောင် အသားအရေ ပိန်ပိန်ပါးပါး မျက်နှာကလဲ မိန်းကလေးများထက်ပင်လှနေသေးမို့ လက်ရုံးဒီလူ့ကို ကြာကြာမကြည့်နိုင် ဘာကြောင့်လဲဆိုတာတော့ လက်ရုံးလဲမသိ။
လက်ရုံးပြောသည်ကိုပင် လက်ရုံးကပဲ ဆရာကြီးလုပ်နေသလို 'ဟွန့်'ဟုဆိုကာ နှုတ်ခမ်းလေး ဆူထွက်လာသေးသည်။မကြာလိုက်ပါ။
"အားးး "
နှိုင်း ကန်သင်းပေါ်က ခြေချော်ကျသွားသောကြောင့် အော်မိခြင်းပင်။
ESTÁS LEYENDO
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Historia Corta"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"