"အ... !"
"ကျွတ်... နာလိုက်တာ "
မနက်နိုးနိုးချင်း အိပ်ချင်မူးတူးထလာရသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်မို့ နှိုင်းမှာ ဘုရားမတရုံတမယ်...
မနေ့ညက အကြောင်းတွေ ပြန်တွေးမိတော့ ခပ်ရှက်ရှက်ပါပဲ...
မနေ့ညက နှိုင်းအခြေအနေက ဘယ်လိုဖြစ်နေခဲ့သည် အသေအချာမမှတ်မိသော်လည်း ခံစားချက်တွေက အမှန်တကယ်ကောင်းနေခဲ့တာမို့ မလုံသလို...
အလိုဆန္ဒတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မြင်ယောင်မိတော့ မျက်နှာဘယ်နားသွားထားလိုက်ရမယ်မှန်း မသိပြန်...ဟိုကောင်လေးရဲ့ ယောင်္ကျားဆန်တဲ့ အပြုအမူတွေက တရိပ်ရိပ်နဲ့ဆိုတော့ ခုပဲ ရင်ခုန်သံတွေ ပြန်မြန်လာသလိုလို...
လူရိုးလေးထင်ခဲ့တာ ဟုတ်မနေ...
ဘာအကူအညီမှမပါလဲ ကျွမ်းကျွမ်းကျင်ကျင် ပြသွားခဲ့တာ...
နှစ်ယောက်လုံးရဲ့ ပထမဆုံးမှာ အမ်းမနေခဲ့တာက နှိုင်းတို့ ရင်ခုန်သံတွေ ထပ်တူဖြစ်နေခဲ့လို့ နေမှာ... ။အတွေးစလေးတွေတောင် ပြီးအောင်မသီနိုင် မပြောအပ်၊မမြင်အပ်တဲ့ နေရာက အောင့်သက်သက်နဲ့ နာကျင်ရပါသည်...
ညက နှိုင်း အရမ်းပင်ပန်းနေတာကိုပဲ သိတာ...
ဘယ်ချိန်အိပ်ပျော်သွားမှန်း မသိသလို ၊ဘယ်လိုအခြေအနေနဲ့ အိပ်ပျော်သွားသည်ကိုလဲ သိမနေ။
သေချာတာ တစ်ခုက နှိုင်းဘေးမှာ မောင်ရှိနေတာပဲ... ။နှိုင်း ညက မောင်လို့ခေါ်လိုက်တုန်းက မျက်ရည်တွေကျနေခဲ့တဲ့ ကောင်လေး။မောင့်ရင်ငွေ့လေး ခြုံအိပ်ရလို့လားမသိ ၊နှိုင်းဟာ ဒီကိုယ်ငွေ့လေး ခြုံရရင်ကို အရာရာ မေ့မေ့ပျောက်ပျောက်ပါပဲ... ။ခု နိုးလာခဲ့တာလည်း နှိုင်းဘေးမှာ ဒီကောင်လေးမရှိနေလို့.. ။ကိုယ်ငွေ့လေး ခနတာပျောက်ကွယ်သွားတာတောင် နှိုင်းက ဟိုစမ်းဒီစမ်းနဲ့ နိုးထလာရတာပါပဲ။
ဟိုနေရာက နာနေသော်လည်း ဒီကောင်လေး မျက်စိရှေ့မရှိတော့ ဒီတိုင်းမနေချင်...
"အ.. ကျွတ် "
မတ်တပ်ထရပ်ပြန်တော့လည်း ကောင်းကောင်းမရပ်နိုင် ။ညက ဘယ်လောက်များသွားသည် မသိ.. ။
KAMU SEDANG MEMBACA
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Cerita Pendek"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"