ဝုန်း!
"အား.."
အမြင့်တစ်နေရာပေါ်မှ ကျလာဟန်ရှိသော ထုထည်ကြီးကြီးမားမား အရာ၀တ္ထု၏အသံကျယ်ကြီးနှင့်အတူ တစ်ပြိုင်တည်း ထွက်ပေါ်လာသော နာကျင်စွာ အော်လိုက်သောသူတစ်ဦး၏ အသံ။
ဘာသံလဲကွ!
"ဟာ... ကိုကြီးလက်ရုံး.. "
ဖိုးထောင်တစ်ယောက် အသံကြား၍ လာကြည့်သည်ကို ဂိုထောင်ထဲအ၀င် ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လဲကျနေသော ကိုကြီးလက်ရုံးကို မြင်၍ အလောတကြီး ပြေးကာထူမိသည်။
"ကိုကြီးလက်ရုံး .. ဘာဖြစ်သွားတာလဲဗျ.. ဟာ ခေါင်းမှာ သွေးတွေဗျ.. "
အစောကအကောင်း အပြင်ခနထွက်လိုက်စဉ်အတွင်း ချက်ချင်းကြီး ဒဏ်ရာရနေလိုက်သောသူကြောင့် ဖိုးထောင်လဲ ဘာလုပ်ရမှန်းမသိ အရူးမီးဝိုင်း။သွေးတွေပါ မြင်လိုက်ရတော့ ဒဏ်ရာရသူတော့မသိ ဖိုးထောင်တော့ ကြောက်ကြောက်လန့်လန့်နှင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။
"ဟာ..လက်ရုံး..ဘာဖြစ်သွားတာလဲကွ..အသံကြားလို့ လာကြည့်လိုက်တာ .."
ကိုဘလှကလဲ ကုန်တွေတင်ရင်း အလောတကြီး ပြေးလာသည်ထင်ပါသည်။သုတ်သုတ်ပြာပြာနှင့် ဖိုးထောင်တို့အနား ချက်ချင်းရောက်လာသည်။
"ဟာ..လက်ရုံး သွေးတွေပါလား.."
ကိုမြင့်နိုင်ကပါ သွေးတွေမြင်တော့ ပြာပြာသလဲ။အခြားလဲမဟုတ် ခေါင်းမှာဆိုတော့ စိတ်ပူသွားပုံရသည်။
"အ..ကျွတ် ကျွတ် ..ကျုပ် ဘာမှ သိပ်မဖြစ်ပါဘူး"
"ဘာလို့ဘာမှမဖြစ်ရမှာလဲကွ..သွေးတွေတအားထွက်နေတယ်..ဖိုးထောင် ရော့ အ၀တ်နဲ့ဖိထားလိုက် မလွန်သွားအောင် .."
"ဟုတ်..ကျွန်တော်တို့ ဆေးရုံသွားရအောင်.."
"သွားရမှာပေါ့...မိုးဇော်ကလဲ မန်နေဂျာလုပ်ပြီး အရေးအကြောင်းဆို မရှိဘူး..တောက် "
ကိုဘလှကလဲ ကိုမိုးဇော်ကို အပြစ်တင်စကားဆိုကာ တောက်တခေါက်ခေါက်။ဟုတ်လဲဟုတ်သည် ကိုမိုးဇော်က အမြဲ ထိုကဲ့သို့ပင်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"