5

18.1K 894 19
                                    

မြူနှင်းများဖုံးလွှမ်းကာနေသော နံနက်ခင်း။စိမ်းစိမ်းစိုစိုနဲ့ သစ်ပင်ကြီးများကလည်း မြူနှင်း၏ပယောဂကြောင့် အစိမ်းရောင်‌‌ေပါ် အဖြူရောင် ရေးရေးလေး ခြယ်သထားသည့်နှယ်။မြက်ပင်ငယ်လေးများကလည်း နှင်းရည်များ စွတ်စိုလျက်။ယာခင်းများသည်လည်း မြူနှင်းများအောက်မှိုင်းပျပျ။ယာခင်းကန်သင်းပေါ်ရှိ မြက်ရိုင်းရှည်ပင်များကလည် နှင်းရည်ခံယူနေပုံမှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့။ထိုအခြေအနေကို ထိုးဖောက်ချိုးဖြတ်လိုက်သည်က အရှေ့အရပ်မှ ပုံမှန်ထွက်နေကျ သူရိန်နေမင်းကြီးပင်။

သူရိန်နေမင်းကြီးပင် ကမ္ဘာမြေပေါ်ကျရောက်နေသည်ဖြစ်၍ သာယာကုန်းရွာလေး၏ ယာခင်းများထဲတွင်လည်း လုပ်ငန်းခွင်၀င်နေကြချိန်။

"လူလေးနှိုင်းတုရော လက်ရုံး"

"နားနေတယ်"

"ဟဲ့ ဘာနားနေတာလဲ
မင်းနှယ်ကွယ် ရှင်းအောင်ပြောစမ်းပါအုံး"

"ဟိုမှာလေ အရီးတင်စိန်ရ
အပင်အောက်မှာ မောလို့တဲ့နားနေတာ"

"အော် အေးအေး
မင်းကဘာကြောင့် အလုပ်တွေခိုင်းရသတုန်းကွဲ့"

"ကျွန်တော် မခိုင်းပါဘူး အရီးတင်စိန်ရ
သူ့ဘာသာ လုပ်ချင်လှပါပြီဆိုပြီး ဇွတ်၀င်လုပ်တာဗျ"

"အော် အေးကွယ်
နောက်မလုပ်စေနဲ့ ကြားလား
လက်ရုံး"

"ဟုတ်ကဲ့ပါ အရီးတင်စိန်ရာ
အရီးမောနေပြီမလား နားတော့"

"အေး ငါဟိုဘက်ယာခင်း ခနကူးအုံးမယ်"

"ဟုတ် အရီးအမောပြေမှပြန်လာနော်
ကျွန်တော်ကရတယ်"

အရီးတင်စိန်က ဟိုလူ ပင်ပန်းသွားမည်ကို စိုးရိမ်နေတာဖြစ်မည်။ယာခင်းထဲရောက်ကတည်းက လက်ရုံးတို့ ပေါင်းပေါက်‌‌ေနသည်ကို သူလဲပေါက်ချင်သည်ဟု ဆိုကာ အတင်း၀င်လုပ်သည်။လက်ရုံးက ခိုက်မိမှာစိုး၍ မလုပ်ပါနဲ့ဆို‌တာလဲ မရသည်မို့ လွှတ်ထားလိုက်သည်။ပေါက်ပြားကို မရုံရှိသေး  'ငါရေသွားသောက်အုံးမယ်'ဟု ပြောပြီး ခုထိယာခင်းထဲပြန်ဆင်းမလာတော့။လက်ရုံးခဏခဏ လှမ်းကြည့်နေရပြန်သည်။ဒီလူ တစ်ခုခုဖြစ်ပါက လက်ရုံးမှာ တာ၀န်အပြည့်ပင်။မိမိထက်ပင် ပိုချစ်နေသော အမေက ဒီလူသာခိုက်မိပါက လက်ရုံးခေါင်းပင်ကြိမ်းရပါသည်။ယခုလှမ်းကြည့်လိုက်တော့ ဖိုးထောင်နှင့် ဘာတွေပြောနေသည်မသိ။ရယ်သံတွေပင် ကြားနေရသည်။ဖိုးထောင် မနက်ကတည်းက ပျောက်နေတာဖြစ်သည်။ခုမှ ဘယ်ကပေါ်တော်မူလာသည်မသိပေ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Donde viven las historias. Descúbrelo ahora