14

11.5K 560 2
                                    

နှစ်ထပ်မြင့် အဆောက်အဦးတွေချည်း ၀န်းရံလျှက်ရှိသော ရပ်ကွက်အတွင်းရှိ လမ်းခပ်သွယ်သွယ်လေးပေါ်၌ ပြေးလွှားနေသော ကားတစ်စီး။

"ကားဆရာဒကာလေး ..ရောက်ခါနီးပြီလားကွဲ့"

"တင်ပါ့ဘုရား ..ရောက်တော့မယ်"

ဆရာတော် ဘုရား အမေးကို ကားဆရာမှ ကားမောင်းရင်း ပြန်‌‌ဖြေလာသည်။

ဖိုးထောင်တို့ အခု ဆရာတော်ဘုရားနှင့်အတူ လိုက်လာရင်း ဦးမာန်ရှိန်တို့အိမ် လာခြင်းဖြစ်သည်။

ဆရာတော်ဘုရား ဒီကိုလာစရာရှိသည်ဆိုကတည်းက ဖိုးထောင်ကို အဖော်လိုက်ခဲ့ရန် ခေါ်ထားခြင်း။ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ကိုကြီးလက်ရုံးဆီ လာချင်နေတာနဲ့ ကွတ်တိဖြစ်နေသည်။ဒီမြို့ကို တခါမှမရောက်ဖူး၍ ရောက်ဖူးချင်သည်မှာ ကြာပြီလေ။ခုမှ ရေကန်အသင့် ကြာအသင့်နှင့် ကြာဆံတွေတောင် အဆစ်ပါလိုက်သေး။တောသားမြို့ရောက်ဆိုသလို အသစ်အဆန်းတွေ မြင်ရပြန်တော့ ဖိုးထောင်မှာတစ်လမ်းလုံး ဘာလေးတွေ့တွေ့  ပါးစပ်အဟောင်းသား။

ရုတ်တရတ် ကားလေး ခြံ၀န်းအကျယ်ကြီးတစ်ခုရှေ့ ဆိုက်ရပ်သွားသည်နှင့်...

"ဆရာတော်ဘုရားတို့ ပို့ခိုင်းတဲ့
လိပ်စာ ရောက်ပါပြီ ဘုရား... "

ကားဆရာမှ ထိုသို့အပြောရှိလာသဖြင့် ဆရာတော်ဘုရားလည်း ရုံထားသည့် ၀တ်ရုံအား ဟိုပြင်သည်ပြင်နှင့် ဆင်းရန်အသင့်အနေအထားပြင်ဆင်လိုက်ပြီး အနားမှာရှိတဲ့ ဖိုးထောင်ကို...

"ဟုတ်လားကွဲ့... ဖိုးထောင်
မင်းဆင်းကြည့်စမ်း "

"တပည့်တော်ပို့တာ အမှန်ပါပဲ ဘုရား
လိပ်စာထဲကအတိုင်းပဲ မမှားပါဘူး "

"ဒကာလေး စိတ်မရှိပါနဲ့
ကိုယ်တော် ကိုယ်တိုင် မှားနေမှာ စိုးလို့ပါ "

ကားဆရာက သူပို့တာ မမှားကြောင်း ထောက်ပြလာသဖြင့် ဆရာတော်ဘုရားမှာ ရှင်းပြနေရသေးသည်။

"ဘာလုပ်နေတာလဲ ဆင်းကြည့်လေ ဖိုးထောင်"

"တင်ပါ့ဘုရား.."

ဘုန်းဘုန်းက သူကြည့်ခိုင်းတာ တန်းမဆင်းကြည့်၍ အော်နေပြန်သည်။ဟုတ်သည်လေ ဦးမာန်ရှိန်ကိုယ်တိုင်ပေးခဲ့တာ ဘာမှားစရာရှိလို့လဲ။ဆရာတော်ဘုရား သံသယ စိတ်တွေအတော်ကြီးထွားသည်ဟု ဖိုးထောင်ထင်မိသည်။စိတ်မပူရမှာကို စိတ်ပူနေပြန်သည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Opowieści tętniące życiem. Odkryj je teraz