33(Part_2)

7K 319 16
                                    

"မင်း .. ပြန်လာပြီလား "

"ဟုတ် .. ကျွန်တော် ဒီနေ့ အလုပ်စောစောပြီးလို့ ပြန်လာလိုက်တာ .. ဘာလို့လဲ ဗိုက်ဆာနေပြီလား
ခင်ဗျားကြိုက်တတ်တာလေး၀ယ်လာတယ် ခုချက်ပေးမှာမို့ ခနစောင့်နော် .. "

"ဟင့်အင်း ငါဗိုက်မဆာပါဘူး .. ပြီးတော့ မင်းချက်စရာလည်း မလိုတော့ဘူး .. "

"ဗျာ .. ဘာလို့လဲ "

ဒီနေ့ပြန်လာလာချင်း တံခါးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသောသူ ။လာစောင့်နေသည်လား မသိသော်လည်း ရေကြည်အေးလေး မြင်လိုက်ရတော့ အေးချမ်းသွားရသည်မှာတော့ အမှန် ။

အရင်နေ့ ကိုသာလွန်ဆိုင်မသွားသည့်ရက်များကဆို ကျွန်တော်ပြန်လာသော်လည်း ဒီဟာလေးက ဒီလိုမဟုတ် ။တခါတလေ ဧည့်ခန်းထဲမှာဖုန်းဆော့နေသလို ၊တခါတလေ ဆိုဖာပေါ်အကျအနထိုင်ပြီး တီဗွီကြည့်နေတတ်တာမျိုး ။တချို့အိပ်ပျော်နေတတ်တဲ့ အချိန်မျိုးဆို ကျွန်တော့်မှာ အလုပ်ကပြန်လာပြီး ရေလဲမချိုး၊ထမင်းဟင်းလဲ မချက်ပြုတ်နိုင်ပါပဲ ထိုင်ငေးရသည်မှာ တမေ့တမော ။အပိုင်ရထားလည်း ဒီမျက်နှာလေးမလို့ မရိုးနိုင် ။သွားလာလှုပ်ရှားနေတဲ့အချိန်လည်း လှသလို အိပ်ပျော်နေပြန်လည်း မျက်လုံးလှလှလေးတွေ၊နှုတ်ခမ်းလှလှလေးတွေနဲ့ အိန်ဂျယ်လေးလို။ကိုယ့်အပိုင်လေးကို တ၀ကြီးထိုင်ငေးပြီးကာမှ နေ့စဉ်အလုပ်လုပ်ခဲ့ရခြင်းတွေကိုလည်း ကျွန်တော်သာ အသိဆုံး ။

"ဒီနေ့ ငါထမင်းချက်ထားတာလေ အဲ့ဒါ ..မင်း ချက်ပေးစရာ မလိုတော့ဘူး "

"ကိုယ်တိုင်ချက်တယ် "

"အင်း ..အာ့ကြောင့် မြန်မြန်လာ
ငါကစောင့်နေတာ မင်းနဲ့အတူ ထမင်းစားရအောင်လို့ "

"ဘာမှမဖြစ်သွားဘူးမလားဟင် ..အပူတွေ ဘာတွေလောင်သေးလား ကျွန်တော်ကိုယ်တိုင် ချက်ပေးမှာပေါ့ ဘာလို့ကိုယ်တိုင်ချက် ..."

"ဒီမှာ ..မင်း ငါဘာမှမဖြစ်ဘူး ငါလဲ
ယောင်္ကျားလေးပါ မိန်းကလေးတစ်ယောက်လို စိတ်ပူနေဖို့ မလိုပါဘူး "

"ကျွန်တော်က ခင်ဗျား တစ်ခုခုခိုက်မိသွားမှာ
စိုးရိမ်လို့ပါ "

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Onde histórias criam vida. Descubra agora