Pt.1

1K 73 4
                                    


"ဟိတ်ကောင်လေး ဒီနားမှာဝေ့မနေနဲ့လေ
မင်းမို့မကြောက်မရွံ့ကွယ်"
ဖီးလစ်‌ဒီလမ်းကိုပြောင်းလာတာ
သိပ်မကြာသေးပေမယ့်
ဆိုင်ကိုလာနေကျလူတွေကပြောပြဖူးတဲ့
ကြောက်ဖို့ကောင်းတဲ့အိမ်ကြီးရှေ့ရောက်နေတာ။

တကယ်ကဆိုင်သွားဖွင့်ဖို့ဖြတ်လျှောက်ရင်း
ခေါင်းကဆံပင်တွေကိုသပ်နေတော့
ကိုကိုဝယ်ပေးထားတဲ့လက်ပတ်လေးက
မတော်တဆပြုတ်ထွက်ပြီးအက်ခြံထဲကျသွားလို့
သွားကောက်တာပဲပြောရမှာပေါ့။

အက်လောက်လည်း‌ကြောက်ဖို့မကောင်းတဲ့
သာမာန်အိမ်အိုကြီးပါပဲ၊ခမ်းနားသလားလို့တော့မမေးနဲ့
အရင်ခေတ်ကအိမ်တွေလိုပဲရှယ်။

ဒီလိုသဘာဝလွန်တွေဆိုသိပ်စပ်စုချင်တာလေးက
မွေးထဲကဝါသနာအခုတော့အန်တီကြီး‌တစ်‌ယောက်
အပြောကြောင့်ပိုလို့ပင်စိတ်ဝင်စားသွားရပြီ။

"ဒီအိမ်ကဘာဖြစ်လို့လဲအန်တီ"
အန်တီကြီးကစကားအဆုံးဖီးလစ်လက်ကိုဆွဲပြီး
အတင်းဆွဲသွားတော့နောက်ကနေကောက်ကောက်
ဖြင့်ပါသွားရပြန်သည်။

တကယ်ပါပဲဘာလို့ပါလိမ့်
ဘတ်စ်ကားမှတ်တိုင်အပုလေးနား
အရောက်မှာတော့အန်တီကြီးကဖီးလစ်လက်ကို
ဖြေပေးပြီးစိုးရိမ်သလိုမျက်လုံးတွေနဲ့ကြည့်သည်။

"မင်းမကြောက်ဖူးလား မင်းအဲ့အိမ်ကြီးအကြောင်း
မကြားဖူးဘူးလားကောင်လေး"

ဖီးလစ်ခေါင်းကိုသာခါပြရင်းငြင်းမိသည်
ကြောက်ဖို့ကောင်းတယ်လို့ပဲကြားဖူးတာ
တကယ်မှမကြောက်ပဲလေနော့
ဒီရောက်တာလဲမကြာသေးဘူးလေ။

"အက်နားကမဖြတ်နဲ့ကောင်လေးကြားလား
သွားသွား သွားစရာရှိတာသွားတော့"

"ဟုတ်ဟုတ်"

သွားစရာရှိတယ်ထင်လို့လိုလီတာအမြန်ပင်
ဒီကောင်လေးကိုဝဲထုတ်လိုက်ရသည်။

"အော်ရေစက်တွေများမကုန်နိုင်တော့ပါလား"
ဟုတီးတိုးရေရွတ်မိသေးသည် ။

"အကိုရောက်ပြီလား"

ဆိုင်ထဲဝင်ဝင်ချင်း စားပွဲတွေသုတ်
ပန်းပင်တွေနေရာချခင်း‌နေတဲ့ဂျုံအင်
ကမျက်လုံးပိစိလေးတွေကွေးညွှတ်တဲ့အထိပြုံးပြတော့
ဆိုင်ရှင်ဖြစ်ပြီးနောက်ကျနေတဲ့ကိုယ်ကအားနာနေရပြန်သည်။

Curse From Love Where stories live. Discover now