"morning အကို"
"အာ...ဒီနေ့လည်းနောက်ကျပြန်ပြီပေါ့..."
"မဟုတ်ဘူး ညကအိပ်မပျော်တာနဲ့
စောစောလာလိုက်တာ အကိုနောက်မကျပါဘူး""အော်...တော်သေးတာပေါ့hehe"
ဖီးလစ်လဲဂျုံအင်ကိုတစ်ချက်ရယ်ပြလိုက်ပြီး
ဝယ်ပေးထားတဲ့မနက်စာကိုအရသာရှိရှိစားလိုက်တယ်။ကိုယ်ပိုင်အလုပ်လုပ်နေတယ်သာပြောတာ
အမြဲမင်းသားလေးလိုနေနေရတယ်။ဂျုံအင်ရဲ့အလိုက်သိမှုတွေကအထူးတလည်
ပြောနေစရာတောင်မလိုပါဘူး။ ။~
ဆိုင်တံခါးဝခေါင်းလောင်းလေးစီမှအသံမြည်လာတော့
ဖီးလစ်မတ်တပ်ရပ်ပြီးထကြည့်လိုက်သည်။"ကြိုဆို...ဟင်!ခင်ဗျားဘာလာလုပ်တာလဲ"
ထိုလူထူးဆန်းကြီးက ပုံမှန်လိုပဲခေတ်နဲ့မညီတဲ့
အဝတ်အစားနဲ့ဆိုင်ထဲကိုဝင်လာပြန်တယ်။သူ့ကြည့်ရတာ peaky blindersထဲကမင်းသားတွေလိုပဲ
ထိုသူကဘာမှပြန်မပြောပဲပြုံးပြတယ်။"အကို ဒီနေ့နှင်းဆီအပင်ပေါက်တွေ....အမ်!"
အငယ်လေးကလည်း နောက်ဖေးအလုပ်ခန်းမှထွက်လာပြီး
ထိုလူကိုမြင်တော့အံ့ဩသွားဟန်ဖြင့်ချက်ချင်းဖီးလစ်ကို
လက်မောင်းကဆွဲပြီး သူ့ရဲ့အနောက်ကိုပို့ထားလိုက်သည်။"ဘာအလိုရှိလို့လဲဗျ"
"မင်းနောက်ကဟာ"
ထိုလူကလက်ညှိုးတည့်တည့်ထိုးကာ
ခပ်တည်တည်ဖြင့်ပြောတော့ ဖီးလစ်ရောဂျုံအင်ပါ
ကြောင်အမ်းအမ်းဖြစ်ကုန်သည်။ဒီလူကဘယ်လိုလူမျိုးပါလိမ့်?
"မင်းနောက်က နေကြာပန်းတစ်စည်း"
"အော်...."
ထိုလူကဖီးလစ်ကိုကြည့်ကာရယ်ပြန်သည်။
အငယ်လေးကတော့စိတ်မချနိုင်ပေမယ့် ပန်းတွေကိုစည်းပေးနေ၏။"ရပါပြီဗျ"
"ကျေးဇူးပါပဲ"
ထိုလူကငွေပေးချေပြီးဖီးလစ်ကို
ထပ်မံပြုံးပြကာထွက်သွားသည်။
