•ထိတွေ့ခဲ့ခြင်းဟာအနိုင်ယူလိုစိတ်ကြောင့်မဟုတ်ပဲ မင်းနဲ့နီးစပ်နိုင်လိမ့်မယ်လို့ခပ်တုံးတုံးထင်ခဲ့မိတာကြောင့်ပါကွာ....•
"တောက်ခ်!"
အာဏာစက်ပြင်းတဲ့အလျောက်
တောက်ခေါက်သံဟာလည်းအဆောင်တော်တစ်ခုလုံးသို့
တုန်ခါမြည်ဟီးသွား၏။အထိန်းတော်တွေအစေခံတွေကတော့
အကြောင်းသိလို့အသံပင်မထွက်ရဲ
အပ်ကျသံကြားရတဲ့အထိတိတ်ဆိတ်နေသည်။ဟျွန်းဂျင်ရဲ့အိပ်မက်တွေမကောင်းလှ
ထိုမြို့ရိုးနားကကောင်လေးနဲ့တွေ့မိပြီးပြန်လာထဲက
မယ်မယ့်ကိုသာအိပ်မက်ထဲပြန်မက်နေမိ၏။တော်ရုံမဖြုံဒူပေဒါပေခံတဲ့မင်းသားလေးဆိုသော်
ညားမိခင်နဲ့ပက်သက်လာရင်တော့စိတ်ကအတော်ပင်ဆတ်သည်။ထိုကောင်လေးကိုပြန်တွေ့မိချင်သား ဘယ်မှာနေမှန်း
ဘယ်သူဘယ်ဝါမှန်းလဲမသိရ၍
ရှာပုံတော်မင်းသားကြီးဖြစ်ရပြန်ဦးမည်။"ရေချိုးဆောင်အသင့်ပြင်!"
တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့
အနောက်တိုင်းကလာတဲ့အကောင်းတကာ့
အကောင်းဆုံးပန်းရနံ့တွေနဲ့အမွှေးရည်တွေကို
စိတ်ကြိုက်ဖြန်းစွတ်ပြီးအဆုံးသတ်လိုက်သည်။တော်ဝင်မျိုးရိုးမှန်းမသိသာအောင်
ပြင်ဆင်ထားသော်လည်း ချောမောလှတဲ့အသွင်အပြင်
ခပ်ထက်ထက်မေးရိုး မှမကသေး နှုတ်ခမ်းထူထူအိအိက
မိခင်စီကအမွေရထားသဖြင့်
ပန်းနုရောင်ရှရှလေးထင်းနေသည်။ထိုသည်ကားပုံမှန်သူဌေးကုန်သည်လေး
အလားသန့်ပြန့်စေပြန်သည်။ကြောရှင်းလှတဲ့အကောင်းဆုံးပိုးသားအပြာရင့်ရောင်ကို
အပူပေးထားသော်ကြောင့်ဝတ်ရသည်မှာ
သက်တောင့်သက်သာရှိလှပြန်သည်။ပြင်ဆင်ပြီးသည်နှင့်တပ်မှူးလေးကိုခေါ်ကာ
မနေ့ကထိုအထူးအဆန်းလေးအားတွေ့ခဲ့သည့်
မြို့ရိုးသို့ဦးတည်လိုက်၏။မကြာပါ မြို့ရိုးအနားကနည်းနည်းလှမ်းသည့်နေရာတွင်
ထိုလူကလေးအားငုတ်တုတ်လေးထိုင်နေသည့်
အနေအထားဖြင့်တွေ့ရ၏။