Pt.9

161 30 0
                                    

ဖီးလစ်ရေမိုးချိုးပြင်ဆင်ပြီးသည့်နောက်
အခန်းထဲမှထွက်လာခဲ့သည်။
ထိုလူကတော့ ထမင်းစားပွဲတွင်ရေနွေးကြမ်းခွက်ကလေး
ကိုင်ကာငြိမ်ငြိမ်လေးထိုင်နေသည်။

"ကျွန်တော် ဂျုံမှုန့်တွေနို့တွေချိန်ပြီးထည့်ပေးမယ်
ခင်ဗျားမွှေထားလိုက်နော်"

"အင်း"

သူကပန်းကန်လုံးအကြီးတစ်လုံးထဲကို
ပါဝင်ပစ္စည်းတွေမျိုးစုံအောင်ထည့်နေတယ်။
တချက်တချက်သူ့စီကလွင့်လာတဲ့လီမွန်နံ့လေးကလည်း
နှာဖြားဝမှာတဝှေ့ဝှေ့မို့စိတ်ကြည်နူးဖွယ်ပါပဲ။

"မွှေထားလိုက်တော့ဗျာ ခနသွားနားလိုက်ဦးမယ်"

"အင်း"

သူလုပ်ပြခဲ့တဲ့အတိုင်းပန်းကန်လုံးထဲက
မုန့်နှစ်တွေကိုဟျွန်းဂျင်တစ်ယောက်မွှေနေရသည်။
မဆိုးပါဘူးပျော်ဖို့တော့ကောင်းသားပဲ။

မုန့်မွှေနေရသည်မှာအတော်ကြာပြီ။
သို့သော်လည်းဖီးလစ်ဆီကအသံတစ်ခုမှမကြားရသဖြင့်
ဟျွန်းဂျင်စိတ်ပူလာမိသည်။

မီးဖိုချောင်ကနေထွက်ပြီး
ဧည့်ခန်းဘက်ကိုလှည့်ကြည့်လိုက်‌တော့
ဖီးလစ်က နောက်က ဆိုဖာကို မှီရင်း အိပ်ပျော်နေပြီ။

ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းလည်း
မသိလိုက် ဒါကြောင့်အတော်ပင်တိတ်ဆိတ်နေတာ။

ဟျွန်းဂျင်သဘောကျစွာပြုံးပြီး
အချိန်အတော်ကြာတဲ့အထိ မျက်စိရှေ့ကအလှအပလေးကို
ငေးကြည့်နေမိသည်။

အချစ်ရဲ့ မျက်နှာလေးဟာ
ဟျွန်းဂျင်ဘယ်အချိန်ကြည့်ကြည့်
ငြီးငွေ့သွားရခြင်းမရှိဘဲ ငတ်မပြေတဲ့
ပင်လယ်ရေနုနုကိုသောက်သုံးနေရသလိုမျိုး
သတိလက်လွတ်ငေး ကြည့်မိချင်သည်အထိမြတ်နိုးရပါသည်။

ဝင်သက်ထွက်သက်ကတလှုပ်လှုပ်ပင့်ရှိုက်လိုက်တိုင်းလှုပ်လဲ့လဲ့နှာခေါင်း‌ပိစိလေးကဆွဲညစ်ချင်လောက်စရာကောင်းလှ၏။

အကြာကြီး မှီအိပ်နေရင် လည်ပင်းနာမှာစိုး၍
ဖြည်းဖြည်းချင်း သူ့ ပေါင်ပေါ်သို့ရောက်အောင်ရွှေ့ယူလိုက်သည်။

Curse From Love Where stories live. Discover now