Pt.5

191 30 0
                                    

"ကလင်ကလင်"

တံခါးထိပ်ကခေါင်းလောင်းသံလေး
အကြားမှာဖီးလစ်ပြုံးမိသည်
ဒီတစ်ခါတော့သူနောက်မကျပဲ
ဆိုင်ကြိုဖွင့်နေတာလေဆိုင်ကclosedလို့
ရေးထားတာမို့ဝယ်သူမဖြစ်နိုင်
အငယ်လေးလို့သာဖီးလစ်ထင်‌မိသည်

အလုပ်ခန်းထဲတွင်နောက်ကျောပေးကာ
ဒီနေ့မှာထားတဲ့နေကြာအချို့ကို
ရေပုံးလေးထဲထောင်ထည့်နေသည်ကြောင့်
အလုပ်ကခပ်ရှုပ်ရှုပ်ရယ်

"အော်ရောက်လာပြီလား"

"အဟင်း!!"

ထိုသူကဟန့်သံပေးလာတော့
အငယ်လေးမဟုတ်ပဲဝယ်သူဖြစ်နေတော့သည်

"ခနလေးစောင့်ပေးပါနော်"

"ကောင်းပြီ"

ဒီအသံကိုရင်းနှီးနေသလို
ဒီလီမွန်လိုရနံ့လေးကိုလည်းအမှတ်ရနေသည်
ဘာကြောင့်မှန်းမသိဟျွန်းဂျင်
စိတ်ထဲခပ်ရှုပ်ရှုပ်ဖြစ်နေရ၏

ဆိုင်ကခုထိမဖွင့်သေးပေမယ့်
လိုလီတာအမေဆီသွားဖို့ရာ
စောစောဆိုင်ကိုဝင်ခဲ့ရ၏
သူ့အတွက်လည်းကျူးလစ်တချို့ဝယ်ပေးဖို့ပေါ့
ကြာလိုက်တာ
ဝယ်သူစောင့်နေရတာကို
ဒီလူကနားမလည်တတ်ရန်ကောလို့လည်း
ငြီးတွားမိသည်မှာအမှန်ပေ

"အော် ဧည့်သည် ဘာများအလိုရှိပါသလဲ"

ဟျွန်းဂျင်တံခါးခေါင်းလောင်းသံနောက်တစ်ခုထပ်
အကြားမှာတော့ကောင်လေးတစ်ယောက်က
ဆိုင်ထဲထပ်ဝင်လာသည်

"မင်း!!!ဂျုံအင်!!!"

ထိုကောင်လေးကိုအတွေ့မှာတော့
ဟျွန်းဂျင်ဟာအသိတရားမဲ့သလို
အော်ဟစ်မိသွားသည်
သေချာတယ်သူကဂျုံအင်
အမတ်ယန်းရဲ့သား
ဟျွန်းဂျင်မမေ့နိုင်အောင်အထိမှတ်မိသည်
ဟျွန်းဂျင်ကသာအသွေးထဲအသားထဲကထိ
မှတ်မိနေပေမယ့်
ထိုကောင်လေးကဘားမှမသိသလို
အူတူတူဖြင့်ပင်ပြန်ကြည့်နေလေရဲ့

"သိလို့လားခင်ဗျ"

"ကောင်းကောင်းကြီးသိတာပေါ့ ယန်း‌ဂျုံအင်"

"ခင်ဗျာ ကျွန်တော်တော့ဒီကဧည့်သည်ကိုမသိဘူးဗျ"

"မင်းမလိမ်နဲ့ မင်းအဖေကြောင့်
ငါ့ကိုအချစ်ကအထင်လွဲပြီးစိတ်ကွက်သွားတာ"

Curse From Love Where stories live. Discover now