"သခင်လေးရှင့် ညစာစားချိန်ပါ"
ကျွန်းတံခါးအမြင့်ကြီးကိုအသာအယာခေါက်နေပြီး
ထွက်လာတဲ့အသံကိုကြားလိုက်ရသည်ကြောင့်
ပန်းချီဆွဲနေရင်းမှလက်တို့ကအလိုလိုရပ်တန့်သွားကာ
အလိုမကျစွာစုတ်တစ်ချက်သပ်မိသည်ဘယ်အချိန်ထိနေ့တတူဝဒီကိစ္စတွေကိုလုပ်နေရဦးမှာလဲ
တစ်ပုံစံထဲဖြတ်သန်းနေရတဲ့မထူးမခြားနေ့တွေကို
စိတ်ကုန်နေပြီ"ကောင်းပြီ"
အသံပြုကာပင်ဆွဲလက်စကိုရပ်တန့်လိုက်သည်
ဘေးဘီမှာလည်းအခုဆွဲလက်စလိုပုံများက
မရေမတွက်နိုင်အောင်ရှိနေသည်တချို့ကရေဆေးဖြစ်သလိုတချို့ကဆီဆေး
တချို့ကတော့နှစ်ကြာမှုတွေကြောင့်ပြောင်းလဲမှုတွေကအနည်းငယ်....သို့သော်ပန်းချီကားချပ်တွေထဲကကောင်လေးနဲ့
ရေးဆွဲသူရဲ့နှလုံးသားတစ်စုံကတော့
ယနေ့ထိတိုင်ပုံစံမပျက်ရှိနေသည်ကောင်လေးကလည်းကားချပ်တိုင်းမှာ
အနောက်တိုင်းပုံစံ16ရာစုလောက်ကဝတ်စုံကို
ဝင်ဆင်ထားပြီးနေကြာတွေလို
ခပ်ဝါဝါဆံပင်တွေဟာတည်ရှိသည်
ကောင်လေးကလှသည်
တောက်ပစွာလည်းပြုံးနေသေးသည်"ကျုပ်အပြင်ထွက်ပြီးလိုက်ရှာချင်တယ်လိုလီတာ"
သူ့ရဲ့စကားအဆုံးတွင်ဖန်ခွက်ထဲသို့
အသီးဖျော်ရည်ထည့်ပေးနေတဲ့
လိုလီတာရဲ့လက်တွေဟာရပ်တန့်သွားပြီး
အံ့ဩစွာလှည့်ကြည့်လာသည်ထို့နောက်ပြာပြာသလဲဖြင့်ပင်ခေါင်းကိုခါရမ်းတော့သည်
"မဖြစ်ပါဘူး သခင်လေးဟွမ်ရှင် မဖြစ်ပါဘူး"ကြိမ်ပေါင်းမြောက်များစွာသော
ငြင်းဆိုချက်တွေဟာဟွမ်ဟျွန်းဂျင်ဆိုတဲ့သူ့အတွက်
ပုံမှန်ဆန်တဲ့အရာတွေပါပဲရာစုတွေနှစ်တွေလတွေ
ရာသီတွေနိုင်ငံတွေဘယ်လိုပဲပြောင်းပြောင်း
ထိုစကားတခွန်းကတော့မပြောင်းမလဲဖြင့်ပင်
ထင်ရှားတဲ့မေးရိုးနဲ့နှုတ်ခမ်းသားတွေကို
တင်းတင်းစေ့ကာစိတ်တိုနေမှုကိုထိန်းရသည်"ဘာလို့ မင်းရဲ့အမေ၊မင်းရဲ့အဖွား၊
မင်းရဲ့အဘေး၊မင်းရဲ့အဘီဘာလို့
အားလုံးကကျုပ်စကားကိုဆို
ငြင်းပြန်ချက်တွေပဲထုတ်ရသလဲ
ကျုပ်ကနိုင်ငံရဲ့မင်းသားဆိုတာမေ့သွားသည်လား
ဟမ်!!"
