"ဒီဟာလေးဗျ"
ဟျွန်းဂျင်ထိုကောင်လေးလက်ထဲက
အနက်ရောင်လက်တစ်ဖဝါးစာအပြားလေးကို
သေချာစိုက်ကြည့်နေမိသည်။အဲ့ဒါကမှန်လိုပဲဒါပေမယ့်မဲနေတယ်။
ထူးဆန်းလိုက်တာမှန်အမဲကြီးပဲ...။ခနအကြာမှာတော့သူကအဲ့မှန်အမဲကြီးကို
လက်နဲ့နှစ်ချက်လောက်တောက်လိုက်တယ်။
"ဟာ!ဘာကြီးပေါ်လာတာလဲ"ဖုန်းကိုဖွင့်လိုက်တော့ထိုကောင်လေးထားထားသည့်
ဂျိုကာပုံရုပ်ကြီးက ဘွားကနဲပေါ်လာတာမို့
ဟျွန်းဂျင်တစ်ချက်တုန်တက်သွားသည်။"သားဖုန်းကို Wallpaperထားထားတာလေ"
"ကျက်သရေလည်းမရှိဘူး"
ဟျွန်းဂျင်ကမျက်နှာတစ်ခုလုံးကိုမဲ့ကာရွဲ့ကာပြောသည်။
ဟုတ်တော့လည်းဟုတ်တာပဲ...အဲ့တာက
အရမ်းလန့်စရာကောင်းနေတာကိုနောက်ထဲထိုအရာရဲ့မျက်နှာပြင်ကိုပွတ်ဆွဲလိုက်တော့
နောက်ထပ်ကောင်မလေးခပ်ချောချောရဲ့ပုံပေါ်လာသည်။"ဒါကသားရဲ့ရည်းစားလေ ဟဲဟဲ"
"အော်..."
ဟိုဆွဲဒီဆွဲနဲ့ အတုံးသေးသေးလေးတွေ
အများကြီးစီရီထားတဲ့နေရာကိုရောက်တော့
သူကတစ်ခုခုကိုရှာနေသည်။အတုံးလေးတွေကအရောင်စုံပြီးများလွန်းလို့
ဟျွန်းဂျင်ခေါင်းတောင်ကိုက်လာသည်။သူ့ရဲ့လက်ချောင်းတွေက မှန်မဲကြီးအပေါ်မှာပြေးလွှားလျက်ပင်
"ဒီကတယ်လီဖုန်းပုံနဲ့အစိမ်းရောင်လေးက
သခင်လေးခေါ်ချင်တဲ့သူကိုခေါ်ပြီးဆက်သွယ်လို့ရတယ်လေ""ငါခေါ်လိုက်ရင်ငါ့ရှေ့ရောက်လာမှာလား?"
ဟျွန်းဂျင်ရဲ့ဂွကျကျအပြောမှာ ရှေ့ကကောင်လေးက
ဖွီကနဲနေအောင်ခွက်ထိုးခွက်လန်ရယ်တော့သည်။
ဟျွန်းဂျင်ကတော့အူကြောင်ကြောင်လေးဖြစ်နေ၏။"မဟုတ်သေးဘူးလေဗျာ သားပြမယ်"
ပြီးတော့သူ့ရဲ့လက်ချောင်းတွေက တတောက်တောက်နဲ့
အင်္ဂလိပ်ဂဏန်းတွေကိုမနားတမ်းနှိပ်နေသည်။
ပြီးတော့မှ ရပ်သွားပြီး စားပွဲပေါ်ကတယ်လီဖုန်းကို
လက်ညှိုးတစ်ချက်ထိုးပြသည်။