"အိုက်ဂူး ငါ့အငယ်လေးပင်ပန်းသွားပြီ
ဒီနားမှာညနေစာတူတူသွားစားရအောင်""ဟုတ်ကဲ့အကို"
ဆိုင်သိမ်းပြီးနောက်အကိုကလက်ကိုချိတ်ကာအနားက
ဂျပန်ခေါက်ဆွဲဆိုင်သို့ခေါ်သွားလေတော့
ဂျုံအင်မှာကောက်ကောက်ပါသွားပြန်သည်ဆိုင်ထဲရောက်တော့အကိုကသွက်လက်စွာပင်
မီနူးစာရွက်ထဲကစားလို့ရသမျှအကုန်မှာနေတော့တာပဲ"အကို များနေပြီမှာတာ"
ဂျုံအင်ဒီလိုဖြတ်ပြောတော့ဘေးနားကမတ်တပ်ရပ်ကာ
အမှာစာမှတ်နေတယ့်စားပွဲထိုးလေးကပါ
ကြောင်တောင်တောင်လေးကြည့်နေသည်အားနာရလို့ပါ မေမေကပြောထားတယ်လေ
အစားအသောက်ကကုန်သလောက်ပဲမှာရမယ်လို့"တော်ပြီနော် ခေါက်ဆွဲနှစ်ပွဲနဲ့အချိုမုန့်တစ်ပွဲပဲမှာမယ်"
စားပွဲထိုးကလေးကတော့ဂျုံအင်ကြောင့်
စာရင်းပြန်ပြင်မှတ်လိုက်ရပြီးနေရာမှထွက်သွားကာ
အမှာစာသွားတင်ပေမယ့် မီနူးစာရွက်ကြီးကိုင်ကာ
အကိုကတော့နှုတ်ခမ်းလေးကိုမသိမသာဆူထားသည်ဂျုံအင်မြင်တာမမှားဘူးဆိုသူကစိတ်ကောက်နေတာဖြစ်ရမယ်
ကြက်အကောင်ပေါက်ကလေးနဲ့တူလို့အသဲယားမိသည်"စားစေချင်လို့ဟာကို"
အလိုမကျစွာနှုတ်ခမ်းလေးထော်ပြီး
လေသံညှင်းညှင်းဖြင့်ပြောလာတဲ့အကို့ကြောင့်
ရင်ထဲမှာဘုရားပွဲတွေလှည့်နေသလိုမျိုး
ဟန်မြစ်ညပွဲတော်မှာအလှမီးရှူးမီးပန်းတွေပဲ
ဖောက်နေသလိုလိုတထိတ်ထိတ်နဲ့ရယ်
နေပါဦးဒီလောက်ချစ်ဖို့ကောင်းမှရမှာလားအကိုရာ"မကုန်ခမ်းပဲအလကားဖြစ်သွားရင်နှမြောစရာကြီးမို့
ပြောလိုက်တာပါအကို""အင်းပါသဘော"
"စိတ်မဆိုးပါနဲ့ အစားအစာကိုဖြုန်းတီးတာမျိုး
မလုပ်သင့်ဘူးလေတချို့ဝေးလံခေါင်ဖြားတဲ့နိုင်ငံတွေမှာဆို
တစ်နေ့တစ်နပ်တောင်ပုံမှန်မစားရတဲ့လူတွေအများကြီးပဲ
အလကားဖြစ်အောင်မှာနေမယ့်အစား
အဲ့နေရာမှာသုံးရမယ့်ငွေကိုစုပြီးသူတို့တွေကို
ပြန်လှူပေးရင်ကုသိုလ်တွေအများကြီးရလာမှာ
ထပ်မှာမယ့်အစားအကိုကသိမ်းထားလိုက်
ပြီးရင်ပြန်လှူပေးပေါ့
ဒါဆိုကျွန်တော်လည်းကုသိုလ်ပါသွားနိုင်တာပဲ"
