"အကို ခြေထောက်ကဘာဖြစ်တာလဲ"
ခြေထိပ်ကပတ်တီးကြီးစီးလျက်ထော့နဲ့နဲ့ဖြင့်
လျှောက်လာတဲ့အကို့ကိုမြင်တော့စိုးထိတ်လာသည်
ဖုန်းဆက်လိုက်ရင်ကျောပိုးပြီးပဲဖြစ်ဖြစ်လာကြိုမှာကို
ဘာလို့မပြောရသလဲ အခုတော့မျက်နှာလေးကမဲ့လို့"ကျောက်တုံးနဲ့တိုက်မိတာ အဆင်ပြေပါတယ်ဘားမှမဖြစ်ဘူး"
"အပြန်ကျလိုက်ပို့မယ် ဘာလို့မပြောတာလဲခုနကဖုန်းဆက်တုန်းက၊
အဆင်မပြေလိုက်ပါဘူးသိတယ်
နာနေလားအကိုက်ခဲပျောက်ဆေးသောက်ရမယ်
ခနလေးနော်သွားဝယ်လိုက်မယ်"ချက်ချင်းသွားဝယ်မယ်ကြီးလုပ်နေလို့မနည်းလှမ်းတားရသေးသည်ကိုယ်ကယောက်ျားပဲဒီလိုက်တော့ခံနိုင်ရည်ရှိပါတယ်
ဒီကလေးကဘာလို့အဲ့လောက်စိတ်ပူနေတာလဲ"ရတယ် အဆင်ပြေတယ်အငယ်လေးရဲ့
အဲ့လောက်ကြီးမစိုးရိမ်ပါနဲ့ကွာ""မဟုတ်တာပဲ မနက်စာစားထားနှင့်ဦး
အခုသွားဝယ်လိုက်မယ်""အာ ရ ရတယ်"
ထပ်တားမလို့ရှိသေးလစ်ခနဲထွက်သွားပြီ
မင်းကတော့စိတ်ပူတတ်ရန်ကော
အသက်နဲ့အဝေးကြီးပါကွကောင်တာပေါ်မှာတော့
ဘေးကကိတ်ဆိုင်ကချောကလက်ပူပူလေးရယ်
စတော်ဘယ်ရီနဲ့ပျားရည်လေးဆမ်းထားတဲ့ပေါင်မုန့်ကြက်ဥရယ်မနက်စာမစားရသေးတော့ဗိုက်ကဟောင်းလောင်း
ကျေးဇူးပါပဲအငယ်လေးရေ
မနက်စာကတော့ရှယ်ပဲကိုကိုနဲ့အတူပိတ်ရက်
မနက်ခင်းတိုင်းစားတဲ့toastကိုတောင်
သတိရမိသေးတယ်ဒီနေ့ကတော့ဘားမှမလုပ်ရပဲထိုင်နေရတော့တယ်
စိုးရိမ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေရာမှာ
ထိုင်နေခိုင်းတာတစ်စက်လေးမှလှုပ်မရ
လှုပ်မိတာနဲ့အနားကိုချက်ချင်းပြေးလာပြီး
ဘာလိုလဲလာမေးတော့တာမသိရင်ရောဂါကြီးကြီးမားမား
အသက်အန္တရာယ်ပဲနီးကပ်နေတဲ့
အနာတရပဲဖြစ်သလိုလိုနဲ့
နေ့လည်စာတောင်ခွံ့ကျွေးရမလားပဲလုပ်နေသည်သက်သောင့်သက်သာနေရတာကို
ဖီးလစ်သဘောမကျပဲနေမလားသို့သော်
ဂျုံအင်ကပန်းအိုးတွေဆိုလည်းသူပဲစီ
ပန်းဆိုလည်းသူပဲစည်း ရေလောင်းတာကအစ
မြေစာညှိတာအဆုံး ကောင်တာတောင်သူပဲထိုင်သည်
ပြောလို့လဲမရနားပဲနားခိုင်းနေတော့တာရယ်