~ပညာရှိတစ်ယောက်ကပြောဖူးတယ်
အရူးတွေကသာပျော်ဝင်တတ်တယ်တဲ့
ကိုယ်တော့မင်းဆီမှာပျော်ဝင်မိသွားလို့
ဘယ်လိုလုပ်ရပါ့အချစ်ရယ်....~ဟျွန်းဂျင်ဖီးလစ်ရဲ့အိမ်လေးရှေ့မှာ နှစ်နာရီကျော်အောင်
မတ်တပ်ရပ်စောင့်နေခဲ့သည်။ဆိုင်ကိုသွားကြည့်တော့လည်း
ပိတ်ထားသည်ကိုသာတွေ့ရသည်။မထူးဟုအိမ်ကိုလိုက်လာသော်လည်း ပိုင်ရှင်လေးက
ပြန်မရောက်သေး၍ဥယျာဉ်ထဲကဒေစီတွေလည်း
ချမ်းနေရောပေါ့။
ဒေစီတွေအထီးမကျန်ပါဘူး။ ဟျွန်းဂျင်လည်း
အေးခဲတော့မလိုတောင့်နေတာမို့....မနေ့ကနဲ့မနက်ခင်းအထိရာသီဥတုက
ထင်သလောက်မအေးပါ။
ထို့ကြောင့်မထူမပါးလေးပုံမှန်သာဝတ်ခဲ့သည်။အခုတော့လေစိမ်းများကြောင့်လူတစ်ကိုယ်လုံး
တဆတ်ဆတ်တုန်တဲ့အဆင့်ကနေ မေးချင်းရိုက်နေပြီပင်ဖြစ်၏။"ဘယ်များသွားနေတာလဲကွာ..."
ငြီးတွားမိပြီးမကြာခင်မှာပဲလက်ထဲက
အထုပ်များစွာနဲ့အပေါ်ဝတ်ထဲလုံးထုပ်နေသည့်
လူအရိပ်သေးသေးဝါဝါလေးအားလှမ်းတွေ့လိုက်ရသည်။ဟျွန်းဂျင်အတိုင်းမသိဝမ်းသာသွားကာ
သူ့စီကိုအားခဲပြီးပြေးသွားလိုက်သည်။"အာ? ခင်ဗျားဘယ်ချိန်ထဲကရောက်လာတာလဲ"
"လွန်ခဲ့တဲ့နှစ်နာရီ?"
"ဘယ်လို!"
ဟျွန်းဂျင်လည်းဘာမှဆက်မပြောပဲ
သူ့လက်ထဲကအထုပ်တွေကိုသာကူသယ်ပြီး
ရှေ့ကထွက်သွားနှင့်လိုက်သည်။"ခင်ဗျားလက်တွေအေးစက်နေတာမှရေခဲတုံးကြီးလိုပဲ!"
ဖီးလစ်လဲခပ်သုပ်သုပ်အမှီလိုက်ကာ
နှစ်ယောက်သားအိမ်ထဲသို့ဝင်လိုက်ကြသည်။တော်သေးသည်ကအနွေးပေးစက်ကိုကြိုဖွင့်ခဲ့လို့
ကြမ်းပြင်ကအစနွေးနွေးလေးဖြစ်နေ၏။"ထိုင်ထိုင် ကျွန်တော်ချောကလက်ပူပူလေးပေးမယ်"
"အင်း"
ဟျွန်းဂျင်အသာပြုံးပြကာဆိုဖာတွင်ဝင်ထိုင်လိုက်၏။
ဖီးလစ်ကတော့အထုပ်တချို့နှင့်အတူမီးဖိုခန်းထဲ
တန်းနေအောင်ဝင်သွားသည်။