Part(2)

849 72 3
                                    

Unicode

Always

အခန်းထဲရောက်တော့ ရှောင်းကျန့်ကလက်ကိုင်ထားတာကိုလွှတ်ပေးလိုက်ပြီး ရိပေါ်ရဲ့
စာကြည့်စားပွဲပေါ်မှ peonyပန်းအနီရောင်လေးတွေပုံဖော်ထားတဲ့ ကြွေခွက်အဖြူရောင်လေးကိုလဲမြင်ရော  စာကြည့်စားပွဲနားသွားရင်း ထိုခွက်လေးအားကိုင်ကြည့်လေသည်။ထို့နောက် တစ်ချက်နမ်းကြည့်ရင်း ရိပေါ့်ဘက်လှည့်ကာမေးမြန်းလာလေသည်။

"နွားနို့သောက်ထားတာလား"

"အင်း ဟုတ်တယ်"

"ရိပေါ်  ငါလဲနွားနို့သောက်ချင်တယ် ဒီခွက်နဲ့
ထည့်ပေးထား အခု ငါရေချိုးလိုက်ဦးမယ်"

"အမ်...အော်..အင်း"

ရှောင်းကျန့်ကတော့ ထိုခွက်အားစားပွဲပေါ်ပြန်တင်ခဲ့ကာ ရေချိုးခန်းထဲဝင်သွားလေပြီ။
ဝမ်ရိပေါ်ကတော့ မတ်တပ်ကြီးကြောင်အနေ
ဆဲပင်ဖြစ်သည်။

ဒီကြွေခွက်လေးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကရှောင်းကျန့်ဟာ ရိပေါ့်အတွက်ဆိုပြီးလက်ဆောင်ပေးခဲ့တာဖြစ်သည်။ရှောင်းကျန့်ဆီကရတဲ့ပထမဆုံးလက်ဆောင်ပေါ့
အဲ့တုန်းက ရှောင်းကျန့်ပြောခဲ့တာကို သူကောင်းကောင်းကြီးမှတ်မိနေပါသေးတယ်

"ဝမ်ဝမ် ဒီ...အင်း...ဒီဟာလေး မင်းကို​လက်ဆောင်ပေးတာ"

ဆယ့်သုံးနှစ်အရွယ်ရှောင်းကျန့်က ရှက်ကို့ရှက်ကန်းအမူအရာဖြင့် လက်ဆောင်ဘူးလေးအား နှုတ်ခမ်းတစ်တောင်လောက်ဆူလျက်
လက်ပိုက်ကာမျက်နှာကိုလွှဲလျက် စိတ်ကောက်နေသောဝမ်ရိပေါ်ကိုပေးလေသည်။ ရိပေါ်ကလက်ဆောင်ဘူးအား တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကိုပြန်လွှဲသည်။
သဘောက သူစိတ်ကောက်နေသေးတယ်ပေါ့
ထိုအခါ ရှောင်းကျန့်ကရိပေါ့်အား သေချာစိုက်ကြည့်ကာ ပြောလိုက်သည်။

"ဝမ်ရိပေါ် မင်းယူမှာလားမယူဘူးလား မယူရင် ငါ မင်းရဲ့ပါးကိုဟိုနေ့ကလိုထပ်ကိုက်မှာနော် မင်းဘာသာမင်း စိတ်ကောက်ချင်ကောက်မကောက်ချင်နေ ငါကမချော့ဘူး"

"အားး ဘာလို့ခဏလေးတောင်စိတ်ဆိုးခွင့်မပေးရတာလဲ ယူမှာ ယူမှာ ပေး!"

ALWAYS (Hiatus)Where stories live. Discover now