Unicode
Always
မနက်ဖြန်ဆို ရိပေါ်တို့နှစ်ယောက်လုံး တိုက်ခန်းကိုရွှေ့ကြရမည်ဖြစ်သည်။ မားမားနဲ့အားရီရှောင်းကမိမိတို့နှစ်ယောက်အတွက်
အကုန်စီစဥ်ပေးထားတာဖြစ်၏။"ဝမ်ဝမ် ယူရမယ့်ပစ္စည်းတွေစုံပြီလား"
"မစုံသေးဘူး မားမား ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေ တစ်ခုနှစ်ခုလောက်လိုနေလို့သွားဝယ်လိုက်ဦးမယ်"
"သွားဝယ်လေ ဒရိုက်ဘာခေါ်သွား"
"ရတယ် သား ဘာသာသွားလိုက်မယ် သိပ်မှမဝေးတာရယ်"
"ဟုတ်ပါပြီရှင် ဒါနဲ့သားကျန့်ရော ဒီနေ့မတွေ့မိသလိုဘဲ"
မားမားက သူ့ရဲ့အနာဂတ်သားမက်လောင်းလေးကိုအမြင်တော်တော်ကြည်ပုံရတယ်
ဟီးဟီး*"အဟမ်း သူမနက်ကတောင် လာသေးတယ်လေ မားမား မီးဖိုခန်းဝင်နေလို့ မတွေ့ဖြစ်လိုက်တာနေမယ်"
"အော် ဟုတ်လောက်မယ် မား မနက်ကသား
အတွက် ဟင်းဗူးတွေပြင်ပေးနေတာလေ
ထားပါ သွားဝယ်မှာဝယ်တော့လေ ဝမ်ဝမ်
မား အဝတ်အစားတွေထည့်ထားပေးမယ်""ဟုတ် မားမား"
skateboardလေးစီးရင်း လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ထွက်လာလိုက်သည်။ သူskateမစီးရသည်မှာ ကြာနေပြီဖြစ်သည်။ ပစ်လဲပြီး ဒူးကွဲသွားကတည်းက မားမားနဲ့ရှောင်းကျန့်ကskateကိုမထိခိုင်းတော့တာဖြစ်သည်။အခုတောင် ခိုးစီးပြီးထွက်လာတာပင်။
Mini Marketလေးရောက်တော့ လိုအပ်တာတွေဝယ်ရင်း ရေခဲမုန့်တစ်ခွက်ပါဝယ်စားလိုက်သေးသည်။ထို့နောက် သူရောရှောင်းကျန့်ရောကြိုက်တဲ့ အာလူးကြော်ထုပ်တွေဝယ်ဖို့ပြင်လိုက်သည် သို့သော်သူယူမည့်အာလူးကြော်ထုပ်အား နောက်တစ်ယောက်ကပါလက်လှမ်းလာတော့ ပြိုင်တူထိုအထုပ်အားကိုင်မိသွားလေသည်။ထိုသူမှာ အခြားသူမဟုတ် ပိုင်ဟွမ်ပင်ဖြစ်နေလေ၏။ တစ်ယောက်နှင့်တစ်ယောက် အံ့အားသင့်စွာစိုက်
ကြည့်နေမိသည်မှာငါးမိနစ်ခန့်မျှကြာသွားပေ၏။
ပိုင်ဟွမ်က ခါတိုင်းနဲ့မတူစွာ ဝတ်စားဆင်ယင်ကာ စျေးဝယ်ထွက်နေသည်တဲ့!
ဘောင်းဘီအပြဲတွေ၊ချိန်းကြိုးတွေ၊နားဆွဲတွေ၊သူ့နားရွက်မှာအမြဲညှပ်ထားလေ့ရှိတဲ့
ဆေးလိပ်တွေ၊ ဆူးကြိုးတွေလားဘာတွေလားမသိတဲ့ဟာတွေ တစ်ခုမှမရှိဘဲ လူငယ်ဆန်ဆန်လေးဝတ်စားထားတာဖြစ်သည်မို့
ရိပေါ် အံ့အားသင့်စွာကြည့်မိနေတာဖြစ်သည်။