Part(8)

581 68 4
                                    

Unicode

Always

လူအယောက်ပေါင်း45ယောက်ဆန့်သည့်
expressကားကြီးနှစ်စီးဘေးတွေ ကျောင်းသား/သူများနှင့် ဆရာ/မများမှာစုစုရုံးရုံးဖြင့် အသံများညံနေသည်။

ဆရာတွေက ကိုယ့်အခန်းထဲကလူစုံမစုံနာမည်အော်ပြီးလူစစ်နေကြသလိုကျောင်းသားများကလည်း တစ်ယောက်တစ်ပေါက်ဖြင့်စနောက်နေကြသည်။
ဒီခရီးဟာ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား/သူများသာလိုက်ခွင့်ရှိသောခရီးဖြစ်သည်။လူကြီးမကျကလေးမကျအရွယ်တွေချည်းဖြစ်တာကြောင့် ဆရာတွေမှာမနည်းထိန်းနေသည်။

ကျောင်းသူတွေကိုတော့ class-Bကအတန်းပိုင်ဆရာမတစ်ဖြစ်လဲ ကျောင်းသား/သူတိုင်းကြောက်ရပါသည့်ဆရာမလီနှင့်တစ်ခြားဆရာမတစ်ယောက် စုစုပေါင်းနှစ်ယောက်တို့က  ကျောင်းသူအယောက်နှစ်ဆယ်တိတိကိုထိန်းပေးဖို့တာဝန်ယူကာကားတစ်စီးတည်းအတူစီးသည်။ မိန်းကလေးတွေကတော့ စကားတောင်ကျယ်ကျယ်မပြောရဲပေ...သူတို့ကြောက်ရတဲ့အတန်းပိုင်ဆရာမပါသည်လေ။သူတို့ရဲ့ကောင်လေးတွေကိုတောင် လက်ပြရုံသာနှုတ်ဆက်ခဲ့ရပြီး မအီမသာမျက်နှာများဖြင့်ကားပေါ်တက်သွားကြသည်။

ယောကျာ်းလေးတွေကတော့လူမစုံသေးတာကြောင့် ဆရာကျိုးကနာမည်စာရင်းခေါ်နေဆဲပင်ဖြစ်သည်။
အချိန်ကား မနက်ကိုးနာရီကျော်ပြီဖြစ်သည်။

"မင်ယိ"

"ရောက်ပါပြီ"

"ဟောက်ရွှမ်း"

"ရောက်နေတာကြာပါပြီ ဆရာကျိုး သား မနက်စာလဲမစားရသေးပါဘူး"

ဆရာကျိုး-"ဟိတ်ကောင် နာမည်ခေါ်ရင် ရှိကြောင်းပဲပြော မင်းမနက်စာမစားရသေးတာထည့်မပြောနဲ့"

"ဟွန့် ဆရာများ ကိုယ့်တပည့်လေးကိုသနားပြီး  ဆရာ့အိမ်သူထည့်ပေးလိုက်တဲ့
ကြက်ဥထမင်းလိတ်လေးများကျွေးချင်မလားလို့"

"ငါ့မိန်းမက ငါစားဖို့ထည့်ပေးလိုက်တာလေ
မင်းကိုဘာလို့ကျွေးရမှာတုန်း ဒီကောင်သေချင်နေတာလား"

ဆရာကျိုးနဲ့ဟောက်ရွှမ်းတို့စနောက်နေတာကြည့်ပြီး အကုန်းလုံးပွဲကျသွားကာထရယ်ကြတော့သည်။ဆရာကျိုးဆိုတာသူတို့အကုန်လုံးရဲ့ဆရာဆိုတာထက် အဖေလိုမျိုးသဘောထားကြသူပင်...သဘောကောင်းချက်ကတော့ထည့်ပြောစရာပင်မလို ကျောင်းသားတစ်​ယောက်ကဖိနပ်ပျက်သွားလို့ဆိုတော့ သူဖိနပ်ကိုချွတ်ပေးလိုက်ပြီး စီးစေကာ သူကတော့ခြေဗလာဖြင့်အိမ်ပြန်ခဲ့သည်။ပိုက်ဆံပြတ်သွားလို့ လို့ငြီးတွားသံကြားရင်လည်း
သူ့အိတ်ကပ်ထဲက ချက်ချင်းထုတ်ပေးသည်။
နောက်မှပြန်ပေးလို့ပြောပေမယ့် ​ပြန်ပေးရင်လည်းဘယ်သောခါမှမယူပေ။စာအသင်အပြကလည်းအရမ်းကောင်းပါသည်။
နောက်ပြီးအသက်လေးဆယ်ကျော်ဝန်းကျင်အရွယ်ဆရာကျိုးက သူ့ဇနီးကိုတော့အရမ်းချစ်ပြပါသည် သဝန်လည်းတိုတတ်သေးသည်။ထို့ကြောင့်လည်း ဆရာကျိုး၏ဇနီးကိုသိသည့်ကျောင်းသားတစ်ချို့ကစည်းမကျော်မိအောင်သတိထားလျှက်စနောက်တတ်ကြသည်။

ALWAYS (Hiatus)Where stories live. Discover now