Part(17)

441 60 6
                                    

Unicode

ရှောင်းကျန့် ရေချိုးခန်းထဲမှရေကျသံကို
ကုတင်ပေါ်မှာထိုင်ပြီးနားထောင်နေတာ နာရီဝက်ကျော်မျှပင်ကြာနေလေပြီ။ ထို့အပြင် ရေချိုးခန်းတံခါးကိုလဲ တစ်ချက်တစ်ချက်ကြည့်မိသေးသည်။ သူ့ရဲ့ဝမ်ရိပေါ်လေးဟာ ရေချိုးနေသည်မဟုတ်လား...ဒါဆို သူကဘာကိုစောင့်နေသလဲဆိုရင် သေချာပေါက်ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်အလှပကိုရှုစားချင်လို့ပင်ဖြစ်သည်။

  ဝမ်ရိပေါ်ကကိုယ်တစ်ပိုင်းကိုဖွင့်ဟလျက်ထွက်လာလျှင် အနှီသူ၏သွယ်လျသောခါး၊ပြီးပြည့်စုံသောနောက်ပိုင်းအလှကောက်ကြောင်း၊ဖြူဝင်းနူးညံ့နေမည့်အသားအရည်၊မျက်နှာလှလှ၊လည်တိုင်ကျော့ကျော့တို့ကို မြင်ယောင်မိရင်း အံ့ကြိတ်မိပါတော့သည်။ သူ့ကိုယ်တွင်း၌လည်း ပူလောင်လျက်ပင် အချိန်အကြာကြီးချုပ်ထိန်းခဲ့ရသည်များကို ဖွင့်ချပစ်ချင်နေသည့်နှယ်။

ရှောင်းကျန့်တစ်ယောက် ဆင်ဆာအတွေးများကို တွေးနေရင်းမှာပဲ ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရတာနဲ့ ကျောကမတ်ကနဲပင်...ထွက်လာမည့်လူရဲ့ပုံသဏ္ဍန်ကို မျှော်လင့်စောင့်စားစွာ ကြည့်နေသည့်ပုံမှာ ဟင်းနံ့ဟာမွှေးကြိုင်လွန်းနေသည့်အတွက် အမေဘာဟင်းချက်နေတာလဲဆိုတာကို သိချင်လွန်းသဖြင့် မီးဖိုခန်းပေါက်ဝ၌ စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည့် ကလေးငယ်ပမာ မျက်ဝန်းတို့ကတောက်ပနေတော့သည်။

သို့ပေမယ့်ထိုတောက်ပမှုတို့ဟာ ချက်ချင်းပင်လွင့်ပျောက်သွားရပါ၏။သူ၏ဝမ်ဝမ်လေးဟာ အဝတ်အစားအပြည့်အစုံပါတစ်ခါထဲ လဲလာရုံသာမက တဘက်ဖြူတစ်ထည်ဖြင့်ခေါင်းကိုသုတ်ရင်းထွက်လာသည့်အတွက် ရှောင်းကျန့်မှာ ဝမ်နည်းသွားရတော့သည်။

ထို့နောက်မှာတော့ မတရားခံနေရသလိုအသံဖြင့်ကြမ်းရှရှဆိုလိုက်ပါ၏။

"ဘာလို့ အဝတ်အစားတွေရေချိုးခန်းထဲမှာလဲလာရတာလဲ~"

"ဟမ်?...ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲဆို....ဘာဖြစ်လို့လဲဆို မင်းရဲ့.........."

မင်းရဲ့အဖိုးတန်ခန္ဓာကိုယ်လှလှလေးကို ကိုယ်မမြင်ရတော့ဘူးလေTT

ALWAYS (Hiatus)Where stories live. Discover now