Part(19)

453 55 4
                                    

Unicode

တစ်နေ့တာဟာမြန်မြန်ကုန်ဆုံးသွားပြီးနောက်မှာတော့ လုပ်ငန်းခွင်သို့ကိုယ်စီဝင်ကြရတော့မည့် အချိန်သို့ရောက်လာပြီဖြစ်သည်။

ဝမ်ရိပေါ်တစ်ယောက် ဂျူတီဝင်ရမယ့်အချိန်ကကိုးနာရီဖြစ်ပေမယ့် မနက်ရှစ်နာရီသုံးမိနစ်မှာမှနိုးတာကြောင့် ဝရုန်းသုန်းကားပြင်ဆင်နေရတော့သည်။မှတ်တမ်းတင်ရမယ့်နေ့တစ်နေ့ပါပင် အမြဲတမ်းအချိန်တိကျလွန်းတဲ့ဒေါက်တာဝမ်ရိပေါ်က ပထမဆုံးအကြိမ်အဖြစ် အိပ်ရာထနောက်ကျသောရက်ပင်ဖြစ်ပါ၏။

အကြောင်းမှာ သူ့ရဲ့ပူပူနွေးနွေးရည်းစားလေးဟာ နှိုးစက်ကိုပိတ်ထားသောကြောင့်ပင်....ဘာလို့ပိတ်ထားတာလဲလို့ သူကအော်ပြောမိတော့ ရူတည်တည်ဖြင့်ပြန်ဖြေလာပုံမှာ
"အိပ်ရေးဝအောင်လို့...မင်းကသေးသေးလေးဖြစ်နေပြီ ကိုယ်ဖက်ရတာအားမရဘူး"တဲ့လေ

သူ့ခမျာရယ်ရခက်ငိုရခက်ဖြင့် ရှက်ရမ်းရမ်းပြီးလက်သီးတစ်လုံးသာပစ်ကျွေးလိုက်တော့သည်။ထိုအခါ ရှောင်းကျန့်ကသူ့ရင်ဘတ်သူပြန်ပွတ်ပြီး ရှုံ့မဲ့မဲ့​​ဖြင့်ပြောလာပါ၏။

"အ့...တကယ်နာတာနော် ဝမ်ဝမ်"

"နာအောင်ထိုးတာလေ...မင်း ဘာလို့အရှက်မရှိလျှောက်ပြောလဲ"

"တကယ်ပိန်သေးသေးလေးဖြစ်နေလို့ဟာကို"

"ဘယ်နားကမှပိန်မနေဘူး ပုံမှန်ဘဲ...မင်းသာဘာတွေစားမှန်းမသိဘဲ ထွားကြိုင်းနေတာ"

"အားကျနေတာမှတ်လား...ကိုယ့်ရင်အုံကြွက်သားတွေကိုကြည့်ကြည့်လိုက် တောင့်တင်းပြီး လုံးဝဆွဲဆောင်မှုအပြည့်ဘဲနော်"

ဝမ်ရိပေါ်နဲ့ဆိုပွယောင်းယောင်းဖြစ်နေတဲ့ထိုshirtလက်ရှည်အနက်ရောင်ဟာ ရှောင်းကျန့်ဝတ်ထားတဲ့အခါမှာတော့ လုံးဝကိုကွက်တိဖြစ်နေကာ အနှီသူ၏ရင်အုပ်ကြွက်သားတို့ကို အတိုင်းသားထင်ပေါ်နေစေတော့သည်။

သူ့ရဲ့shirtလက်ရှည်ကရှောင်းကျန့်ဝတ်ထားတော့လက်အနည်းငယ်တိုနေတာကြောင့် တံတောင်ဆစ်ထိသေချာခေါက်ပြီးဝတ်ထား တဲ့အခါ အလွန်ကြည့်ကောင်းကာ အနှီသူပြောတဲ့အတိုင်းဆွဲဆောင်မှုရှိလှသည်ပင်.....

ALWAYS (Hiatus)Where stories live. Discover now