Part(6)

647 67 1
                                    

Unicode

Always

"ရှောင်းကျန့်စုတ် အကျင့်မကောင်းတဲ့ကောင်ကြီး ငါဘာသာနေနေတာကို သဘောကျမိအောင်လုပ်တဲ့ကောင်ကြီး အူးဝါးး ရှောင်းကျန့်မှာသဘောကျနေတဲ့သူရှိတယ်တဲ့ အီးး"

"ဟင့် ဖုန်းလေးတောင်မဆက်ဘူး နေနိုင်လိုက်တာ တကယ်တော့ ငါကသူ့အတွက်သူငယ်ချင်းထက်ဘယ်တုန်းကမှမပိုခဲ့ဘူးနေမှာ အီးး ရွှတ်!"

" ရွှတ်! သူ့အပြစ်မှမဟုတ်တာလေ
သူကြိုက်ချင်တဲ့သူကြိုက်မှာပေါ့ ငါနဲ့ဘာမှမဆိုင်တဲ့ဟာ အီးး ဟင့် ဘာလို့ငါ မင်းကိုကြိုက်နေတာမသိရတာလဲ အရူးကောင်ရဲ့"

"ပြီးတော့ ဘာလို့ငါ့ကိုပြန်မကြိုက်ရတာတုန်း
ငါကအတန်းထဲမှာစာအတော်ဆုံးဟာကို
ဟင် ဟုတ်ပါဘူး စာတော်တာနဲ့သူပြန်ကြိုက်တာဘာမှမဆိုင်ဘူးလေ အူးဝါးး"

စောင်ပုံကြီးထဲတစ်ကိုယ်လုံးဝင်ကာ ဝူးဝူးဝါးဝါးပေါက်ကရတွေပြောဆိုနေသောဝမ်ရိပေါ်သည်တကယ့်ကိုရယ်ချင်စရာပင်
တစ်ချိန်ထဲမှာဘဲ သနားချင်စရာလေးလဲဖြစ်နေသေးသည်။ ရှောင်းကျန့်ကိုအပြစ်တင်လိုက် အိကနဲထငိုလိုက် ဒွမ်မာခင်းလိုက်လုပ်နေသည်မှာ ညနေစောင်းသည်အထိပင်

မျက်ခမ်းစပ်များ၊နှာခေါင်း ပြီးတော့ ပါးဖောင်းလေးများမှာလည်း ရဲစက်နေပြီဖြစ်သည့်တိုင်အောင် အငိုမရပ်ပါချေ။ သူတကယ်ကိုဒီနေ့တစ်ရက်ပြီးရင်မငိုတော့ပါဘူး.....
ပြီးတော့ ရှောင်းကျန့်ကို သူသဘောကျနေကြောင်း မထုတ်ပြောတော့ဘူးဆိုပြီး ဆုံးဖြတ်ထားတာမှန်ပေမယ့်လဲ အခုလိုရှောင်းကျန့်ကတစ်ခြားတစ်ယောက်ကိုသဘောကျနေတယ်ဆိုတာကြီးကို သူဘယ်လိုများဟန်ဆောင်ပြီး ဘာမှမဖြစ်သလိုနေနိုင်ပါ့မလဲ သူကိုယ်တိုင်ကရောဘာသားနဲ့ထုထားတာမိုလို့လဲ....

"အီးးး ငိုရပါများလို့ခေါင်းကိုက်လာပြီ ရေလည်းဆာတယ် ရွှတ်!"

ငိုနေရင်းမှ ခြောက်သွေ့အက်ရှလာတဲ့လည်ချောင်းနဲ့အတူ တဆစ်ဆစ်ကိုက်ပြီးအုံခဲ
လာတဲ့ဦးခေါင်းကြောင့် ရေထသောက်ဖို့ပြင်လိုက်သည်။

မီးဖိုခန်းထဲမရောက်ခင်မှာဘဲ တိုက်ခန်းအပြင်
ဘက်လျှောက်လမ်းမှ ခြေသံကျယ်ကျယ်ကြားလိုက်ရတာကြောင့် လန့်မိသွားသည်။ လူတစ်ယောက်လမ်းလျှောက်နေတာနေမှာပါလို့ နှလုံးသွင်းပြီး မီးဖိုခန်းဆီ ဆက်သွားဖို့ပြင်လိုက်ပေမယ့်ပိုမိုကျယ်လောင်လာတဲ့ခြေသံနဲ့အတူ မီးကပျက်သွားလေသည်။

ALWAYS (Hiatus)Hikayelerin yaşadığı yer. Şimdi keşfedin