Unicode
Always
ရိပေါ်တို့နေမယ့်တိုက်ခန်းက လေးထပ်တိုက်ရဲ့သုံးထပ်မြောက် အထပ်မှာဖြစ်သည်။တိုက်ခန်းကအတော်ကျယ်ဝန်းတယ်ပြောရမယ်။အိပ်ခန်းထဲတွင်လည်း တစ်ယောက်အိပ်ကုတင်နှစ်လုံးကြားမှာ ကျွန်းဖြင့်ပြုလုပ်ထားသောစာကြည့်စားပွဲ ခပ်ကြီးကြီးတစ်လုံးထား ထားသည်။ထို့ပြင် အတော်အတန်ကျယ်ဝန်းတဲ့ kitchenခန်းပါပြုလုပ်ပေးထားသည်။ရေချိုးခန်းအိမ်သာကလည်းမီးဖိုခန်းနှင့်ကပ်လျက်ပင်ရှိကာ သန့်ရှင်းသည်။
"တိုက်ခန်းက အဆင်တော့ပြေသားနော်"
"အင်း လိုအပ်တာတွေတော့အကုန်ထည့်ခိုင်း
ထားတာဘဲ မင်းစိတ်တိုင်းမကျတာရှိရင်ပြော
ပြန်ပြင်ပေးရအောင်လို့""အဆင်ပြေပါတယ်ကွ ငါတို့ကစာမေးပွဲပြီးတဲ့အထိဘဲနေမှာလေ အပြီးနေမှာမှမဟုတ်တာ"
"အဆင်ပြေရင်ပြီးတာဘဲ"
"ရှောင်းကျန့် နေ့လည်စာစားရအောင်လေနော်ဗိုက်ဆာနေပြီ ငါတို့ပစ္စည်းတွေပြီးမှနေရာချရအောင်"
"ဆိုင်သွားစားကြမယ်"
...................................................................
စားသောက်ဆိုင်များမှာလည်း မိမိတို့နေတဲ့
တိုက်ခန်းနှင့်ဘယ်လောက်မှမဝေးပေ။
အခု သူတို့ရှေ့ရှိစားပွဲပေါ်တွင်မူ အချိုတစ်ဝက်၊အစပ်တစ်ဝက်ပါတဲ့နီနီရဲရဲအရောင်
နှင့် ဖြူဖန့်ဖန့်အရောင်တွဲလျက်ထားပါသော
ဟော့ပေါ့အိုးရယ်၊ ဘေးမှာတော့ အသားလွှာ
မျိုးစုံ၊အရွက်မျိုးစုံအထူးသဖြင့် နံနံပင်ခပ်များများပြင်ထားတဲ့ပန်းကန်များရယ်၊ အရောင်အသွေးပြည့်စုံတဲ့ငါးပေါင်းတစ်ပွဲရယ်၊ စားချင်စားဖွယ်ပြင်ဆင်ထားတဲ့ ပေါက်စီပူပူလေးတစ်ပွဲရယ် ၊ အချိုပွဲအတွက်က စတော်ဘယ်ရီရေခဲမုန့်တစ်ခွက်၊ သစ်တော်သီးဖျော်ရည်တစ်ခွက်၊သခွားမွှေး
ဖျော်ရည်တစ်ခွက် စသဖြင့်ခင်းကျင်းထားသည်မှာ စားချင်စဖွယ်အတိပင်ဖြစ်ချေ၏။ရှောင်းကျန့်သည် တူတစ်စုံဖြင့် အမဲသားလွှာကိုယူကာ ဟော့ပေါ့အိုးအချိုဘက်ထဲနှစ်ပြီး
ကျက်လောက်သည့်အနေအထားတွင် ပြန်ဆယ်ကာ သူကိုယ်တိုင်စပ်ထားသော ဆော့ဖြင့် တွဲလျက် သူနှင့်မျက်နှာချင်းဆိုင်ထိုင်ကာဖုန်းတစ်လုံးဖြင့်ခေါင်းမဖော်နိုင်အောင် ဟောက်ရွှမ်းအားစာပို့လျက် အလုပ်ရှုပ်နေသော ဝမ်ရိပေါ်အား ခွံ့ကျွေးလိုက်သည်။