Unicode
Japanနိုင်ငံ၏အိုဆာကာမြို့တွင်...
"Sean Xiaoကိုဆက်သွယ်လို့ရလား စစ်ရီ"
"မရသေးဘူးအကိုကျိုးချန် Sean Xiaoစီးသွားတဲ့Flightကပြည်မကြီးထဲရောက်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာ"
ဂျပန်-တရုတ်ကပြားလေးဖြစ်တဲ့ လော့စစ်ရီရဲ့ အားလျော့စွာဖြေသံအဆုံး ဝမ်ကျိုးချန်က မျက်နှာပျက်သွားပြီးသက်ပြင်းမောချလိုက်သည်။
"ဒီကောင်ကွာ ဒီလောက်အန္တာရယ်များတာကို
တစ်ယောက်တည်းလှုပ်ရှားရတယ်လို့ ""သူကဘာလို့ Chinaကို အဲ့လောက်ပြန်ချင်နေရတာလဲ"
"သူ့ရဲ့ဝမ်ဝမ်ကြောင့်လေ တခြားဘာရှိရဦးမှာတဲ့လဲ"
"ဝမ်ဝမ် ဆိုတာ?"
"ဝမ်ရိပေါ်ကိုပြောတာ စစ်ရီ မင်း..Saen Xiaoရှေ့မှာ ဝမ်ရိပေါ်ကိုဝမ်ဝမ်လို့မခေါ်မိစေနဲ့နော် မိုးညို့သွားမယ် အဲ့ကောင်ကအသေအူတိုတတ်တာ"
"နာမည်ခေါ်တာက အစပေါ့လေ"
"အေး"
"ကျွန်တော်ဝမ်ရိပေါ်ကိုသိတယ် Sean Xiao အမြဲတမ်းပြောနေကျလေ 'ဝမ်ရိပေါ်လေးက ငါ့ကိုကတိမတည်တဲ့လူဆိုပြီး စိတ်ဆိုးနေလောက်တယ်' ဆိုပြီး တရုတ်လိုပြောနေတာ။ အဲ့ကောင်လေးရဲ့ဓာတ်ပုံတွေလည်းSean Xiaoမှာရှိတယ် ဒါပေမယ့် ကျွန်တော်တို့ကိုတစ်ခါမှမပြဖူးဘူး"
လော့စစ်ရီရဲ့ အဲ့ကောင်လေးဟူသောစကားကြောင့် ဝမ်ကျိုးချန်ခမျာ မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရသည်။
"ဟိတ်ကောင် ဝမ်ရိပေါ်က မင်းထက်သုံးနှစ်ကြီးတယ်ကွ သူက Sean Xiaoထက်တောင်နှစ်လကြီးသေးတယ်"
"ဟမ်!...တကယ်ကြီးလား ဒါပေမယ့် Sean Xiaoက ဝမ်ရိပေါ်ကိုသူ့ထက်အများကြီးငယ်
သလိုမျိုးပြောနေတာဗျ"လော့စစ်ရိခမျာ ကြောင်တောင်တောင်ဖြစ်နေသည်။
သေချာပေါက်ကို ခေါင်းဆောင်Sean Xiao မူးနေတုန်းပြောဖူးတာက 'ငါ့ကလေးလေး၊ငါ့ဝမ်ရိပေါ်လေး'ဆိုပြီးပါ...
အဲ့လိုတွေခေါ်တာစကြားတုန်းကဆို လော့စစ်ရိတို့အဖွဲ့ခမျာ အံ့ဩလွန်းလို့ ပြောစရာစကားတွေတောင်ပျောက်တယ်။ အရှိန်အဝါကြီးပြီးသွေးအေးလွန်းတဲ့ Sean Xiaoက အဲ့လိုနုနုယွယွလေးတွေနာမ်စားသုံးပြီးခေါ်နေတော့ မအံ့ဩပဲမနေနိုင်ပါ.....