Part(3)

760 71 0
                                    

Unicode

Always

ကျောင်းစာကြည့်တိုက်ထဲတွင် ဝမ်ရိပေါ်က
တွက်စာများကိုပြန်လေ့ကျင့်နေပြီး ရှောင်းကျန့်ကတော့ ရိပေါ့်ဘေးနားတွင်ထိုင်ကာ မုန့်ဆိုင်ကြီးသဖွယ် သူ့လွယ်အိတ်ထဲမှာယူလာသမျှ
(စာကြည့်တိုက်မှူးထုတ်ထားတဲ့ စည်းကမ်းချက်တွေထဲက 'စာကြည့်တိုက်အတွင်းမုန့်ပဲသရည်စာများမယူဆောင်လာရ'ဆိုသော
အချက်ကြီးအား မမြင်ချင်ယောင်ဆောင်ကာခိုးယူလာသော)
မုန့်တွေ ပဲနို့တွေအကုန်လုံးကို တစ်ခုပြီးတစ်ခု
ထုတ်ကာ ဝမ်ရိပေါ်အားစားစေသည်။
ဝမ်ရိပေါ်ကလည်း ထိုစည်းကမ်းချက်အားမသိချင်ယောင်ဆောင်ကာ ရှောင်းကျန့်ကျွေးသမျှအကုန်စားနေသည်မှာ ပါးနှစ်ဖက်လုံး
ဖောင်းကားနေသည်အထိပင်။စာကြည့်တိုက်မှူးမြင်ရင်တော့ သွေးတက်လေမည့်ဖြစ်ခြင်း
သိုပေမယ့် ထိုသူနှစ်ဦးမှာလည်းပါးနပ်စွာ
ချောင်အကျဆုံးနေရာတွင်ထိုင်နေကြခြင်းဖြစ်သည်။

ဝမ်ရိပေါ်ကပလုတ်ပလောင်းအသံဖြင့်ဆိုသည်။

"ရှောင်းကျန့် မင်းရောစာမလုပ်ဖူးလား"

"ငါက ဥာဏ်ကောင်းတယ်"

မျက်လုံးတစ်ဖက်ပင့်ကာကြည့်ပြီးပြောလာသောရှောင်းကျန့်အားထိုးလိုက်တော့သည်။
မျက်စောင်းဖြင့်
ဟုတ်တော့ဟုတ်သည် ရှောင်းကျန့်ကအမှန်တကယ်ကိုဥာဏ်ကောင်းသောလူပင်ဖြစ်သည်။ သူများတွေတစ်နာရီခွဲလောက်ကြည့်ရတဲ့စာဆိုလျှင် သူက ဆယ်မိနစ်လောက်နဲ့
အလွတ်ရနေပြီဖြစ်ချေ၏။ထို့ကြောင့်အတန်း
ထဲတွင် ရှောင်းကျန့်ကအမြဲတမ်း1to5အဆင့်
တွင်ပါသည်။ဝမ်ရိပေါ်လိုစာဂျပိုးလေးကတော့ ပြေးကြည့်စရာမလို အမြဲတမ်း
အဆင့်တစ်သို့မဟုတ် နှစ်ကိုအပိုင်စားထား
သူပင်ဖြစ်သည်။

"ဒါနဲ့လေ ရှောင်းကျန့် ငါအဆောင်မှာနေမလို့
စာမေးပွဲနီးပြီဆိုတော့လေ"

ရှောင်းကျန့်ကပြုံးနေရာမှမျက်မှောင်ကြုံ့သွားပြီးဝမ်ရိပေါ်အားကြည့်လာသည်။

"ဘယ်သူ့ခွင်ပြုချက်နဲ့လဲ"

ဒီစကားကြီးကိုတော့ ရိပေါ်အမှန်တကယ်မကြိုက်ပေ။ကိုယ့်ဘာသာအဆောင်နေတာ
ဘယ်သူခွင့်ပြုချက်တောင်းရမှာတုန်း
မားမားတောင်နေခွင့်ပြုတဲ့ဟာ ရှောင်းကျန့်ကဘာဖြစ်နေရတာလဲ....

ALWAYS (Hiatus)Donde viven las historias. Descúbrelo ahora