UnicodeAlways
ရှစ်နှစ်ကြာသောအခါ~~~
Audiကားအစိမ်းရောင်လေးကိုမှီလျက် မျက်စိရှေ့မှာမြင်နေရသော အမှတ်တရအနည်းငယ်ရှိခဲ့တဲ့မုတန်းပန်းခင်းကြီးကို ဘာခံစားချက်မှမရှိသလိုကြည့်ရင်းငေးမောနေမိသည်။အတွေးတို့ကဖြင့် လွန်ခဲ့တဲ့ရှစ်နှစ်ကိုလွင့်မြောလျက်.....
"ဒါကျွန်တော်တို့ သခင်ငယ်လေးက ဝမ်သခင်လေးကိုပေးခိုင်းခဲ့တဲ့ မြေကွက်စာချုပ်လေးပါလက်မှတ်လေးထိုးပေးပါဦး" ဟုဆိုကာ သူ၏ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ သူမျှော်နေတဲ့သူကရောက်မလာပဲစာချုပ်တစ်ခုနဲ့ရောက်လာသောအိမ်တော်ထိန်းယွင်၏စကားများ.....
"ငါ့မွေးနေ့ရောက်ရင် မုတန်းပန်းခင်းကြီးဆီကိုမင်းနဲ့အတူသွားချင်တယ်"လို့သူပြောတဲ့အခါ
"မင်းသဘော"လို့ ခပ်ပြုံးပြုံးနဲ့ဆိုခဲ့သူကနောက်တစ်နေ့မနက်မှာဘဲ သူနဲ့ဝေးရာကိုနှုတ်တောင်မဆက်ပဲထွက်သွားခဲ့တယ်...
ရှောင်းကျန့်တင်မဟုတ် ရှောင်းမိသားစုနဲ့ပတ်သက်တဲ့အရာမှန်သမျှက လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက အစရှာမရတော့တာဖြစ်သည်။
ကျန်ခဲ့တဲ့သူ့မှာတော့ ရူးမတတ်ခံစားခဲ့ရသည်။နာကြည်းချင်ပေမယ့် ချစ်နေတော့လည်းအပြစ်မဆိုရက်ခဲ့ပေ....ထို့နောက် ရှောင်းကျန့်ထွက်သွားပြီးငါးနှစ်အကြာမှာလဲ ပြောခဲ့ဖူးသောစကားများကြောင့်
သူ့မှာအရူးအမူးမျှော်လင့်စောင့်စားခဲ့ရပေမယ့် ထိုလူဟာရောက်မလာခဲ့ပါ။နေနိုင်လွန်းလိုက်တာ ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး....Phone Rings*
"အင်း ပိုင်ဟွမ် ပြော"
'ရိပေါ် မနက်ဖြန် ခွဲစိတ်ခန်းတစ်ခုဝင်စရာရှိသေးတယ်နော် မင်း အဆင်မပြေရင်ပြော မင်းအစားငါဝင်ပေးထားလိုက်မယ်'
"ရတယ် ငါအခုပဲ ပေကျင်းကိုပြန်လာတော့မှာ...မင်းက Dutyဝင်နေတာလား ဒီအချိန်ကြီးလေ"
'ဟုတ်တယ် ဒေါက်တာယွင်အစားဝင်ပေးနေတာ သူနယ်ပြန်သွားလို့လေ'
"အော်....ငါညတွင်းချင်းပြန်လာမှာ ဖုန်းချလိုက်တော့မယ်"
'ဟုတ်ပါပြီ ဂရုတစိုက်မောင်းဦး စိတ်ပူတယ်...'