"Ai Mark....Ai Mark.....yarr Mark Siwat
Siwat Jumlongkul!"ကုတင်ဘေးကနေလော်စပီကာမျိုချပြီးလာအော်နေသော
Kim Yachai။အာရုံတွေကွာ။အိပ်မက်ထဲကမျက်နှာညှိုး
ညှိုးလေးတောင်ပျောက်သွားပြီ။ခေါင်းကိုကုပ်ရင်းအိပ်ရာကနေ
လူးလှိမ့်ထလိုက်ပြီး"ဘာလဲဟာ?ဘာလဲ ပြော?"
"ဘာ!....ဘာကိုပြောရမှာလဲ ငါက?"
သူ့ဘာသာဘာပြောရမယ်မသိဘဲငါ့ကိုနှိုးပြီးမေးတာလား?
Kim Yachaiကစိတ်များမမှန်တာလား?"နင်ပြောမယ့်စကားကိုငါ့ကိုနှိုးပြီးမေးတာလား?"
"ဟဲ့ ရွဲ့နေတာ....ရွဲ့မေးနေတာ"
ပါးစပ်ကတင်ပြောတာမဟုတ်ပါ.....လက်ကလည်းပါလိုက်
သေးတာKim Yachaiတို့က။သူ့လက်ပြတ်ကြီးနဲ့
မညှာမတာအသေရိုက်တာ။"ဒီနေ့fan signရှိတယ်လို့မနေ့ကနင့်ကိုgp chatထဲမှာ
ငါရောAi Lekပါပြောထားတယ်လေ....နေစမ်း"ပြောပြောဆိုဆိုနှင့်သူ့ဖုန်းကိုထုတ်ကာပြူးပြဲကြည့်နေသော
Kim Yachai။"ထင်တယ် ထင်တဲ့အတိုင်းဘဲ ဘာလို့စာကိုမဖတ်တာလဲ
အကောင်ရဲ့?ငါတို့သေမယ့်အရေးဆိုသေနေလောက်ပြီ
သိလား?Mark Siwatအကျင့်တွေပြင်စမ်းပါ""အာ ဝင်ဖတ်ဖို့မေ့သွားတာဘဲ"
"ဘယ်တုန်းကသတိရဖူးလို့လဲ?"
"ပွားလိုက်တာဟာ အခုသွားရင်မှီနေသေးတာကို....ခဏဘဲ
စောင့် မိနစ်နှစ်ဆယ်အတွင်းreadyဖြစ်စေရမယ် ငါပြီးရင်
ဘယ်သူ့မှမစောင့်ဘူးနော်....သွား နင့်ရည်းစားကိုသွားပြော
ထား""ငါ့ရည်းစားမဟုတ်ဘူးလို့ဘယ်နှခါဘယ်နှကြိမ်ပြောနေရ
မှာလဲ?""ငါ့သူငယ်ချင်းဒီလောက်ချောတာ ပြီးတော့လူတိုင်းအသည်းစွဲ
idolဟာ မကြိုက်စရာများရှိလို့လားAi Kim""ဗရမ်းဗဒါတွေမပြောဘဲပြင်လိုက်တော့ မိနစ်နှစ်ဆယ်ဘဲ
ကျော်ရင်နင့်ကိုထားခဲ့မယ်"ပြောပြောဆိုဆိုနှင့်Kim Yachaiတို့ဆောင့်အောင့်ထွက်
သွားသည်။အခန်းတံခါးကိုလည်းပိတ်ချသွားလိုက်တာအကြမ်း
ပတမ်း။အဖွဲ့ထဲတစ်ယောက်တည်းသောရှားရှားပါးပါး
မိန်းကလေးအဆိုတော်သူငယ်ချင်းမသည်တကယ်ကိုကြမ်း
ကြမ်းရမ်းရမ်းပင်။

YOU ARE READING
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...