"ဒါဆိုအဖေကလောင်းကစားလုပ်နေတာပေါ့"
စိတ်အဆင်မပြေနေသောသူငယ်ချင်းဖြစ်သူရဲ့မျက်နှာကို
ကြည့်ကာThirdလည်းစိတ်မကောင်းပါ။ဘိုးတော်ကဒီလို
သာဖြုန်းနေမယ်ဆိုရင် Gun Napatရှာသမျှလည်းကြာ
ကြာခံနိုင်မယ်မထင်ပါ။ရောင်းလို့ရတာတွေကုန်ရင်တော့
သူ့သူငယ်ချင်းဆီမြှားဦးလှည့်လာမှာအသေအချာ။"ငGun....မင်းအိမ်ပြောင်းပြီးတစ်ယောက်တည်းနေတော့
ကွာ ဇာတ်လမ်းဖြတ်ပြီးနေလိုက်တော့ ငါ့ကောင်""အမေကအဲ့ဒီလိုဖြစ်စေချင်တာမဟုတ်ဘူး Ai'Third"
ဒီကောင်ကဘာလား.....တစ်ခန်းလွတ်သွားတာလား?အမေ့
ကိုစိတ်ချမ်းသာစေချင်တာတော့ငGunတင်မဟုတ် သူရော
ပါဘဲ။ဒါပေမယ့်အမေကမရှိတော့ဘူးလေ။ဒါကိုလက်ခံရမှာ
ဘဲ။အမေ့ကိုငGunချစ်သလို သူလည်းချစ်ပါသည်။အမေ
ရှိတုန်းကဒီအိမ်သည်သူ့အတွက်စားအိမ်သောက်အိမ်။အမေ
သည်လည်းကိုယ့်အမေတစ်ယောက်လို.....သူ့ကိုမမွေးရုံပါ
ဘဲ။သားအရင်းတစ်ယောက်လိုကျွေးမွေးပြီးချစ်ပေးခဲ့သော
အမေ။"စောက်ရူးလားငGun?အမေကအဲ့ဒီလိုဖြစ်စေချင်တာ
မဟုတ်ဘူးဆိုတဲ့စိတ်နဲ့တင်မင်းကလည်စင်းခံမလို့လား?
မင်းငါနဲ့လိုက်နေ ဟေ့ကောင်"ထိုင်း၊အမေရိကန်ကပြားလေးThird Lapatသည်
Bangkokမှာတစ်ကိုယ်တော်ရွက်လွှင့်နေသည်။မိဘတွေ
ကတော့အမေရိကားမှာသာနေကြသည်။မောင်နှမနှစ်ယောက်
ဘဲရှိသည့်အပြင် မိသားစုရဲ့အငယ်ဆုံးလေးမလို့ သားလေး
ကိုရေခြားမြေခြားမှာမထားချင်ပေမယ့်လည်း သားတော်မောင်
ကိုယုံကြည်ပြီးအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ကြလေသည်။"မဖြစ်ပါဘူးကွာ အဖေတစ်ယောက်တည်းဒုက္ခရောက်လိမ့်
မယ်ကွ""သေလိုက် ငါ-ိုး အဲ့ဘိုးတော်မင်းကိုနှိပ်စက်မှာ မင်းအဲ့ဒါ
သိလား ဟမ်?"သူငယ်ချင်းကောင်သည်Gunအတွက်စိုးရိမ်စိတ်နှင့်အတူ
မခံမရပ်နိုင်တဲ့အဆုံးအဆဲတွေပါ ပါလာတော့သည်။"ငါစဉ်းစားမယ် ငThird....လတ်တလောတော့အဖေနဲ့ဘဲ
နေပေးလိုက်ဦးမယ် သူ့ကိုပူနေရပြီးငါ့အလုပ်ငါကောင်း
ကောင်းမလုပ်နိုင်မှာလည်းစိုးတယ် အဲ့ဒါကြောင့်....."
YOU ARE READING
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...