"ဟယ် N'Gun ဘယ်လိုပြန်ပါလာတာလဲ?"
"နင်P'Gunကိုခြိမ်းခြောက်လာတာလား?"
အဲ့ဒီအစ်ကိုကြီးနဲ့အတူကွန်ဒိုပြန်ရောက်လာတော့ ဧည့်ခန်းထဲ
မှာထိုင်နေတဲ့P'Jamesနဲ့မိKimအသံသည်စူးခနဲ။
ထို့ကြောင့်မီးဖိုခန်းမှာရှိနေတဲ့P'Aimကအပြေးအလွှားထွက်
လာရင်းမေးလေသည်။"ဟောတော် သားငယ်လေး ဘယ်လိုဖြစ်လို့?"
"Ai Lekရော?"
"အခန်းထဲမှာလေ"
သူမေးတော့မိKimကမသိတာကျလို့.....ဘာလာမေးနေတာ
လဲ ဆိုတဲ့လေသံနဲ့။"သွားခေါ်စမ်းပါဟာ ပြောစရာရှိလို့"
သူပြောရင်းဆိုဖာမှာဝင်ထိုင်တော့ထိုအစ်ကိုကြီးသည်ပါမလာ။
နေရာမှာတင်တောင့်တောင့်ကြီးရပ်နေသည်။ဘာမှလည်းဝင်
မပြော။မိKimကတော့ဆူပွဆူပွလုပ်ကာနေရာကထထွက်သွားပြီး
Lekကိုသွားခေါ်လေသည်။"လာထိုင်လေ ဖင်မပါဘူးလား?ဘယ်သူကကိုက်စားမှာမလို့
လဲ?""ဟင့်အင်း"
ကြည့်ဦး.....ဖြေတဲ့ပုံက စိတ်ရှိတိုင်းသာဆိုဆွဲဖက်ပြီး အသက်
ရှူ ကျပ်အောင်ကိုဆွဲဆတ်နမ်းပစ်လိုက်ချစ်စရာ။နှုတ်ခမ်းက
လည်းစူထားသေးတာ။အဲ့ဒါကိုအစ်ကိုကအကြီး....အကြီးနဲ့။"ကျစ် စိတ်မရှည်ဘူးနော်"
ပြောလည်းပြောပြန်ထသွားပြီးထိုအစ်ကိုကြီးလက်ကိုဆွဲခေါ်
ကာဆိုဖာမှာထိုင်စေလိုက်သည်။P'Jamesနဲ့P'Aimက
တော့သူနဲ့ထိုအစ်ကိုကြီးကိုသာကြည့်နေကြပြီး ဘာပြောရမလဲ
ဆိုတာမသိကြတဲ့ပုံစံနှင့်။"P'Gun ဒီကောင်ခြိမ်းခြောက်ပြီးပြန်ခေါ်လာတာလား?"
Lekကထိုအစ်ကိုကြီးဘေးတွင်ဝင်ထိုင်ရင်းမေးလိုက်တဲ့ပုံ
ကဖြတ်ရိုက်ချင်စရာ။Kimကတော့ဘာမှဝင်မပြောဘဲဆိုဖာ
ရှည်ပေါ်ကP'Aimနဲ့P'Jamesကြားတွင်ဝင်ထိုင်လေ
သည်။"အံ့သြလို့တောင်မဆုံးဘူး ဘာကိုခြိမ်းခြောက်....."
"ပွေ့ချီပြီးခေါ်လာတာ"
သူပြောနေတာမှမဆုံးသေး....ထိုအစ်ကိုကြီးသည်ကြားဝင်
ဖြတ်ပြောလေသည်။မကျေနပ်တဲ့ပုံစံသည်သိသိသာသာပင်။
YOU ARE READING
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...