ch five

59 11 8
                                    

"N'...အဲ ကလေးလေး ဒီနေ့အစောကြီးရောက်နေတာလား?
တခြားသူတွေရော?"

"မသိဘူး"

မသိလို့မသိဘူးလို့ပြောတာပါ။ရွဲ့တာမဟုတ်ရပါဘူးဗျာ။
တကယ်ကိုဘုရားစူးရပါစေ့။ရွဲ့တာမဟုတ်ပါ။လာတာတော့
အတူတူလာခဲ့ကြတာပါဘဲ။ဒီရောက်တော့ကိုယ်စီကိုယ်စီ
ထွက်သွားကြတာလေ။သူ့ကိုတစ်ယောက်တည်းထားပြီး
အပြင်ကိုထွက်သွားကြမယ့်သူတွေမှမဟုတ်တာ။မမေးတော့
ဘူးလေ....ဒီအဆောက်အအုံထဲမှာဘဲရှိနေကြတာကို။

သူဖြေလိုက်တာကိုအဲ့ဒီမျက်နှာညှိုးညှိုးလေးသည် ဘယ်လို
ထင်သွားသလဲဆိုတာမပြောပြဘဲနဲ့တောင် မျက်နှာမှာလာပေါ်
တာသိသိသာသာ။ချက်ချင်းကိုမဲ့ကျသွားသောမျက်နှာငယ်
လေး။

ရူးလောက်ပါသည်။Gun Napatတို့ကလွန်ခဲ့သောဆယ်
နှစ်တည်းက သူ့ကိုရူးလောက်စေခဲ့တဲ့တစ်ဦးတည်းသောသူ။
အဲ့ဒီမျက်နှာလေးကိုကရူးလောက်တာ။

တစ်ခုခုကိုအလိုမကျတဲ့အခါ၊စိတ်မကြည်တဲ့အခါ၊စိတ်အားငယ်
တဲ့အခါမျိုးတွေမှာ ချက်ချင်းဆိုသလိုညှိုးကျသွားတတ်သော
မျက်နှာလေး၊မဲ့ကျသွားတတ်သောနှုတ်ခမ်းပါးလေး၊လက်
ချောင်းလေးတွေကိုအချင်းချင်းဖဲ့နေတတ်တာလေး အစိတ်
အပိုင်းတစ်ခုချင်းစီကိုကရူး​လောက်စေတာပါ။ဆယ့်လေးနှစ်
သားတည်းကရူးခဲ့ရတဲ့နေ့စွဲတွေသည်အက်ကြောင်းထပ်စွာ။
ရူးခဲ့ရတဲ့အကြောင်းပြချက်တွေသည်ဘယ်အချိန်မေးမေး
တစ်ယောက်သောသူကြောင့်ပင်။

ဘဝထဲကိုဆွဲမခေါ်ဘဲဒီအတိုင်းလေးဘဲကြည့်နေရရင်ရပြီ
ဆိုတဲ့စိတ်တွေသည်မြှူမှုန်တွေလို။ချစ်တာကိုဖွင့်မပြောဘဲ
သူမသိလည်းချစ်မယ်ဆိုတဲ့တိတ်တခိုးအကြင်နာတွေသည်
လည်း ​ရေပေါ်အရုပ်ရေးသလို။

"တကယ်မသိလို့.....ကိုယ်ရွဲ့ဖြေတာမဟုတ်ဘူး"

ထိုတော့မှထောင့်လေးတွေကော့တက်သွားသည်အထိပြုံးလာ
သောနှုတ်ခမ်းပါးလေး။ဒါလည်းရူးစေတာပါဘဲ။မဟုတ်ဘူး....
ဒါကပိုပြီးရူးစေတာ။

"ကလေးလေးကအသက်နှစ်ဆယ့်လေးမလား?....အစ်ကိုက
နှစ်ဆယ့်ရှစ်"

"သိတယ်လေ P'တို့ပြောပြထားသားဘဲ"

Be my man?Onde histórias criam vida. Descubra agora