"P'Gun ဒီနေ့ညစာအတူစားကြမယ်လေ ဒီတစ်ရက်ကို
ကွန်ဒိုမှာသမီးတို့တွေနဲ့အတူလိုက်အိပ်ပါလားဟင်?"Kimသည်သူ့နားကပ်ကာလေသံတိုးတိုးနဲ့တောင်းဆိုနေ
တာများ ညီမလေးကအစ်ကိုကိုလိုချင်တာရှိ၍ကပ်ချွဲနေပုံနဲ့
တူပါသည်။"အဲ့ဒါကလေN'Kim....မဖြစ်လောက်ဘူး အိမ်မှာကအဖေ
တစ်ယောက်တည်းဆိုတော့"Kimစိတ်မကောင်းဖြစ်သွားတဲ့မျက်နှာလေးကတကယ့်ကို
လိုချင်တာမရ၍စိတ်ကောက်သွားသည့်ကလေးလေးလို။"ဟို ဒီလိုလုပ်လေ ညစာတော့အတူလိုက်စားမယ် ပြီးရင်
အစ်ကိုပြန်မယ်လေ အဲ့ဒီလိုလုပ်လို့ရလားN'Kim?""အဲ့ဒါလည်းမဆိုးပါဘူးလေ အပြည့်အဝတော့မကျေနပ်ဘူး
နော်P'Gun"အလိုမကျချင်ကျချင်နဲ့ပြောကာသူ့လက်မောင်းကိုချိတ်ရင်း
ပြောလာသောKim Yachaiသည် တကယ့်ကိုကလေး
ပါ။သူနဲ့Kimကိုကြည့်ကာပြုံးနေကြသောP'Aimနဲ့
P'James။"အဲ့ဒါဘာလုပ်နေတာလဲမိKim?"
အသံအကျယ်ကြီးနှင့်အတူသူနဲ့Kimကိုခွဲထုတ်ကာ မေးလာ
သူကအဆိုးအပေလေးပင်။"ဘာလုပ်နေလို့လဲ ငါက?"
"ဘာလို့သူ့လက်မောင်းကိုချိတ်ထားတာလဲလို့မေးနေတာ"
သူ့အစ်မကိုတိုနေတာကြည့်ပါဦး....ဒီအဆိုးအပေလေးက
တော့။"ချစ်လို့ဟေ့ ချစ်လို့ချိတ်ထားတာ ကဲ"
Kimသည်ရွဲ့စောင်းပြောရင်းသူ့နားကိုပြန်တိုးကပ်ထိုင်ပြီး
လက်မောင်းကိုချိတ်ကာပုခုံးမှာတောင်ခေါင်းမှီချလိုက်သေး
သည်။"နင်ဖယ်လို့ပြောနေတယ်နော်မိKim"
သူ့ကိုမှီထားတဲ့ခေါင်းကိုလည်းအတင်းပြန်ထောင်၊လက်တွေ
ကိုလည်းအတင်းဆွဲခွာနေတော့သည်။Mark Siwat
သည်တကယ်ကိုအဆိုးအပေလေးပါဘဲလား။"ဖယ်ပေးလိုက်စမ်းမိKimရာ နင့်နေရာမှမဟုတ်တာကို"
Lek Dechaသည်ထုံးစံအတိုင်းလေအေးလေးနဲ့ဝင်ပြော
လိုက်တာသည်ထိထိမိမိပင်။"ဒါဆိုငါ့နေရာကဘယ်မှာလဲAi Lek?"
"P'Aimနဲ့P'Jamesအလယ်မှာ"
YOU ARE READING
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...